သူငယ်ချင်း တစ်ယောက်က ကိုးရီးယားစတိုင် Soy-Sauce Egg ပြုလုပ်နည်းလေး ပြောပြပါလို့ တောင်းဆို ထားပါတယ်။  ကြက်ဥကြီးပဲဆို စားလို့ မကောင်းလို့ အမဲသားနဲ့ရော ချက်နည်းလေး ဖော်ပြပေး လိုက်ပါတယ် ။ ကိုရီးယားလိုတော့ (SoGoGi JangJoRim) လို့ ခါ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • အမဲသား – ၇၀၀ ဂရမ်
  • ကြက်ဥ – ၇ လုံး
  • Soy-sauce – ၈ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆန်ဝိုင် – ၈ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ငရုပ်သီးခြောက်အရှည် – ၂ တောင့်
  • ကြက်သွန်ဖြူ – ၁၂ မွှာ
  • ကြက်သွန်မြိတ် – ၂ပင် (ခပ်ကြီးကြီးလှီးထားပါ)
  • ငရုပ်ကောင်းအစေ့ – ဇွန်းဝက်(စားပွဲတင်ဇွန်း)
  • ဂျင်း – လက်တစ်ဆစ်ခန့်.
  • ရေ – ၁၂၀ မီလီလီတာ

ပြုလုပ်နည်း

ပထမဆုံး ကြက်ဥများကို ရေထည့်၍ ဆားအနည်းငယ်ထည့် ၊ ရှာလကာရည် စားပွဲတင်ဇွန်း ၁ဇွန်း ထည့်ပြီး ပြု တ်ပါ ။အခွံနွှာရတာ အရမ်း လွယ်ကူပါတယ်။

အမဲသားကို သင့်တော်သလို အရွယ်ခက်ကြီးကြီး တုံးပြီး သွေးများ ထွက်သွားစေရန် ရေထဲတွင် မိနစ် ၃၀ ခန့်စိမ်ထားပါ ။ ထို့နောက် ရေစင်အောင် ဆေးပြီး ဇကာဖြင့် ရေစစ်ထားပေးပါ ။

ဒန်အိုး တစ်လုံးထဲသို့ ရေ ၁၂၀ မီလီလီတာ ထည့်ပြီး ရေဆူအောင် တည်ထားပါ ။ ထို့နောက် အမဲသားတုံးများ ၊ ကြက်သွန်ဖြူ ၁၂ မွှာ ၊ ကြက်သွန်မြိတ် ၊ ငရုပ်သီးခြောက် ၊ ဂျင်း ၊ ငရုပ်ကောင်းစေ့ထည့်ကာ မိနစ် ၂၀ခန့် မီးပြင်းပြင်းဖြင့် ပြုတ်ပါ ။

ထို့နောက် အမဲသားအိုး ထဲသို့ ငံပြာရည်(Soy-sauce) ၈ ဇွန်း နှင့် ဆန်ဝိုင် ၈ ဇွန်း ထည့်ပြီး ၁၀မိနစ်ခန့် ထပ်ပြုတ်ပါ ။

၁၀မိနစ် ပြည့်ပါက အမဲသားနူးမနူးကြည့်ပြီး အမဲသားများနူးနေပါက အမဲသားတုံးများကို ဆယ်ယူပြီး အအေးခံထားကာ ခပ်ပါးပါးလှီးပါ ။ (မလှီးချင်ပါက လက်ဖြင့်အမျှင်လေးများဖြစ်အောင်ဆွဲဖွနိုင်ပါသည်)

အိုးထဲမှ အရည်များကို အောက်တွင် ဇလုံခံ၍ ဇကာဖြင့် စစ်ကာ အမှိုက်များအား ပြစ်ထုတ်နိုင်ပါသည် ။

ထို့နောက် အရည်များကို အိုးထဲသို့ပြန်ထည့်၍(လှီးထားသည့် အမဲသားကို+အခွံနွှာ ထားသည့် ကြက်ဥနှင့်ရောပြီး) အိုးထဲသို့ ထည့်ကာ ပီးပြင်းပြင်းဖြင့် ၁၀မိနစ်ခန့် ပြုတ်ပါ ။

နောက်ဆုံးတွင် မီးကို အနည်းဆုံးသို့ လျှော့ချ၍  ၅မိနစ်ခန့် တည်ထားပြီး အသင့် စားသုံးနိုင်ပါသည် ။

(မှတ်ချက်။ ။ SoGoGi JangJoRim ကို အအေးခံ၍ ပုံတွင် ပြထားသည့် အတိုင်း ပုလင်းတစ်ခု ထဲတွင်ထည့်ကာ ရေခဲသေတ္တာ ထဲတွင် ထည့်၍ တာရှည်ခံ စားသုံးလို့ရပါသည် ။)

Credit: ဇွဲသုသု