အားလုံးပဲမင်္ဂလာပါနော်။ ရိုးရှင်းပြီး စားရတာအရသာရှိသလို အာဟာရလည်းရှိတဲ့ အမဲ နံရိုးချက်နည်းကို မျှဝေပေးချင်ပါတယ်။

နူးညံ့အိစက်ပြီး ခပ်စပ်စပ်လေးချက်မှာဆိုတော့ စာဖတ်သူတို့လည်း အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အမဲနံရိုး ၃.၅ ပေါင်ခန့်
  • မုန်လာဥဖြူအနည်းငယ် (အတုံးအကြီးလေးလှီးပါ)
  • မုန်လာဥနီ ၁ လုံး (အတုံးလေးတွေလှီးပါ)
  • Shitake မှို အနည်းငယ်အခြောက်အနည်းငယ် (ရေစိမ်ထားလိုက်ပါ)

အနှစ်လုပ်ရန်

  • သစ်တော်သီးအသေး တစ်ခြမ်း
  • ကြက်သွန်နီ တစ်ခြမ်း
  • ကြက်သွန်ဖြူ ၈ မွှာ
  • ဂျင်း ၁ လက်မခန့်
  • ဆန်ဝိုင် (သို့) ဝိုင်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ငရုတ်သီးမှုန်အညှက် စားပွဲတင်ဇွန်း ၃ ဇွန်းမှ ၄ ဇွန်းအထိ
  • Gochujang (ကိုးရီးယားငရုတ်သီးအနှစ်) စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

တခြားပါဝင်ပစ္စည်းများ

  • နှမ်းဆီအနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင်ပါးပါးလှီး
  • နှမ်းစေ့အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အသားအပေါ်က အဆီတွေကိုဖယ်လိုက်ပြီးရေသေချာဆေးလိုက်ပါ။ ပြီးရင်ရေကို အသားဖုံးတဲ့အထိ ထည့်လိုက်ပြီး သကြားထည့်လိုက်ပါ။ ပြီးရင်ပျော်သွားအောင်မွေလိုက်ပါ။ သကြားရေနဲ့ မိနစ် ၃၀ လောက်စိမ်ထားပါ။ ပြီးရင်ရေဆစ်လိုက်ပါ။

Blender (ကျိတ်စက်) ထဲကို ကြက်သွန်နီ၊ သစ်တော်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကိုထည့်ပြီးကျိတ်လိုက်ပါ။ ပြီးရင် ခွက်ထဲထည့်လိုက်ပြီး တခြားအနှစ်လုပ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ရောလိုက်ပါ။

နံရိုးကိုအိုးထဲထည့်လိုက်ပြီး အသီးအရွက်တွေကိုထည့်လိုက်ပါ။

ပြီးရင်တော့ ဟင်းအနှစ်ကိုထည့်လိုက်ပြီး အပူပေးကာ မီးကိုအနေတော်လောက်ထားပါ။ အဖုံးအုပ်ပြီး ၃၅ မိနစ်လောက်သည်ထားပါ။ ပြီးရင်တော့ အဖုံးဖွင့်လိုက်ပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ကို သည်ပေးထားပါ။

ပြီးရင်တော့ နှမ်းဆီ၊ ကြက်သွန်မြိတ်ထည့်ပြီးမွှေပေးလိုက်ပါ။ ပြီးရင် အိုးထဲက အသားကိုဆယ်ပေးလိုက်ပြီး နှမ်းလေးဖြူးပေးလိုက်ကာ သုံးဆောင်နိုင်ပါပြီ။

Source: www.koreanbapsang.com

By: MyFood Myanmar