အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုရီးယား အသားဖက်ထုပ်ကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။ ကြွပ်ကြွပ်ကြော်တာမျိုးမဟုတ်ဘဲ ပေါင်းကြော်ကြော်တာမျိုး အိအိလေးနဲ့ စားလို့ကောင်းတဲ့နည်းလေးဖြစ်တယ်ဆိုတော့ စာဖတ်သူတို့ အကြိုက်တွေ့ကြမှာပါ။

ပါဝင်ပစ္စည်း

  • ဖက်ထုပ် (၁ ထုပ်) (အခု ၄၀ ခန့်)

ဖက်ထုပ်ထဲထည့်ရန်

  • ဖရုံသခွားသီး ပါးပါးလှီး (အလုံးသေး)
  • ဂေါ်ဖီ တောက်တောက်စဉ်း (အနေတော်)
  • မှို လတ်လတ်ဆတ်ဆတ် (ပါးပါးလှီးပါ)
  • ကြက်သွန်နီ တစ်ခြမ်း တောက်တောက်စဉ်း
  • ကြက်သွန်မြိတ် ၂ ပင် (တောက်တောက်စဉ်းပါ)

  • ဝက်သား တောက်တောက်စဉ်း
  • အမဲသား တောက်တောက်စဉ်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်း (စားပွဲတင်ဇွန်း၁ဇွန်း)
  • ရျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

တို့စားဖို့ဆော့စ်လုပ်ရန်

ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်ကောင်းမှုန့်အနည်းငယ်

ငရုတ်သီးအစပ်သီး (အနည်းငယ်)

ပြုလုပ်နည်း

ပါဝင်တဲ့ အသီးအရွက်တွေကို တောက်တောက်စဉ်းလိုက်ပါ။

ကျန်တဲ့ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်ပြီး နယ်ပေးလိုက်ပါ။

အဲဒီနောက် ဖက်ထုပ်ထဲထည့်ပြီး ဖက်ထုပ်ထုတ်ပေးလိုက်ပါ။

ပြီးရင်တော့ အိုးကိုအပူပေး ဆီနည်းနည်းထည့် ဖက်ထုပ်တွေထည့်ပြီး ကြော်ပေးပါ။ ရွှေရောင်လေးသန်းလာရင် ရေလေးနည်းနည်းထပ်ထည့်ပါ။

အဖုံးလေးအုပ်ပေးလိုက်ပါ။ ရေလေးခမ်းပြီး နူးအိသွားတဲ့ ရွှေရောင်လေးသန်းလာဖက်ထုပ်လေးကို ဆော့လ်လေးနဲ့ တို့ပြီး သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar