အားလုံးပဲမင်္ဂလာပါနော်။ ရုံးပိတ်ရက်တွေမှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ အသားကင်လေးလုပ်စားကြရင်ဘယ်လိုလဲရှင့်။ အချို၊ အစပ်အရသာနှစ်မျိုးကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်ပေါင်သား (သို့) ကြက်တောင်ပံ

အနှစ်လုပ်ရန် (အစပ်)

  • ငရုတ်သီးအနှစ် ခွက် ၁/၃ ပုံ
  • အကင်လုပ်တဲ့ ဆော့စ် ခွက် ၁/၃ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ချင်း (ဂျင်း) တောက်တောက်စဉ်း အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

အနှစ်လုပ်ရန် (အချို)

  • ပဲငံပြာရည် ခွက် တစ်ဝက်
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ချင်း(ဂျင်း) လက်ဖက်ရည်ဇွန်း၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားတွေကို ရေသေချာဆေးလိုက်ပါ။ ပြီးရင်တော့ စောစောကဖော်ပြထားတဲ့ ဆော့စ် အစပ်၊ အချိုနဲ့ တစ်ခုစီ ရောလိုက်ပါ။

ပြီးရင် ၄ နာရီလောက်နှပ်ထားလိုက်ပါ။

ပြီးရင်တော့ အကင်အိုးအပြားမှာ ဆီနည်းနည်းထည့်လိုက်ပြီး ဟိုဖက်ဒီဖက် ကျက်အောင်ကင်ပေးလိုက်ပါ။

ဒါမှမဟုတ် မီးသွေးနဲ့လည်း ကင်လို့ရပါတယ်။

Source: www.koreanbapsang.com

By: MyFood Myanmar