အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကြက်ဥထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိမိစားသုံးမယ့် ထမင်းပမာဏ
  • ကြက်ဥ ၃ လုံး
  • ကြက်သွန်မြိတ် ၃ ပင် မှ ၄ ပင်
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • နှမ်း လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး ကြက်သွန်မြိတ်များကို ပါးပါးလှီးလိုက်ပါ။ ကြက်ဥ ၃ လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်ကာ မွှေခလောက်ထားပါ။

ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်လိုက်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ် ၃ ပုံ ၂ ပုံခန့်ထည့်ပြီး နူးညံ့လာသည်အထိ မွှေပေးလိုက်ပါ။

မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပြီး မွှေခလောက်ထားသော ကြက်ဥထည့်ကြော်ပေးလိုက်ပါ။ ကြက်ဥ မကျက်တကျက်အချိန်မှာ ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

ထို့နောက် မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့ ထပ်မံမြှင့်တင်လိုက်ပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ကာ ကျန်ရှိနေတဲ့ ကြက်သွန်မြိတ်များ ထည့်ကြော်လိုက်ပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပြီး မွှေပေးလိုက်ပါ။

ထို့နောက် ထမင်းထည့်ပြီး သမအောင် မွှေပေးရပါမယ်။

ပြီးမှ စောစောကကြော်ထားသော ကြက်ဥကို ဒယ်အိုးထဲထည့်ပြီး ထမင်းနဲ့ ရောကြော်ပေးလိုက်ပါ။ ဆား၊ ငရုတ်ကောင်း၊ နှမ်းဆီနဲ့ နှမ်းတို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပြီးပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ ထမင်းကြော်ကို အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: koreanbapsang.com