ဝက်ဂုတ်သား ပေါင်တစ်ဝက်ခန့်ကို အသင့်ပြင်ထားပေးပါ။

2

ကြက်သွန်ဖြူ တောက်တောက်ဆင်း ၁ဇွန်း၊ ပဲငံပြာရည် ၂ဇွန်းကို ထည့်ပေးပါ။

3

ပဲငံပြာရည်နှင့် ကြက်သွန်ဖြူတောက်တောက်ဆင်းကို သေသေချာချာ နှံ့ပြီး အသားထဲ စိမ့်ဝင်အောင် နယ်ပေးပါ။

4

ပဲငံပြာရည် ၂ဇွန်း၊ ငရုတ်သီမှုန့် ၃ဇွန်း၊ အိုရီဂိုဒန်း ဟုခေါ်တွင်သည့် ဟင်းခတ်အရည် ၁ဇွန်း၊ ကြက်သွန်နီပါးပါးလှီထားသည့် ၁ဥ ၊ ဆိုဂျူအရက် ၁ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး အနည်းငယ်တို့ကို ရောထည့်ပြီး ဟင်းအနှစ်ကို ပြင်ဆင်ပေးပါ။

5

ကြက်သွန်နီပါးပါးလှီထားသည့် ၁ဥ ၊ ဆိုဂျူအရက် ၁ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး အနည်းငယ်တို့ကို ရောထည့်ပြီး ဟင်းအနှစ်ကို ပြင်ဆင်ပေးပါ။

ဟင်းချက်ဒယ်အိုးကို အပူပေးပြီးနောက် ဆီလုံးဝ မထည့်ပဲ အသားများကို အရင်ဆုံး ကျက်အောင် အပူပေး လှိမ့်ပေးပါ။

6

ဟင်းချက်ဒယ်အိုးကို အပူပေးပြီးနောက် ဆီလုံးဝ မထည့်ပဲ အသားများကို အရင်ဆုံး ကျက်အောင် အပူပေး လှိမ့်ပေးပါ။

အသားစိမ်း၏ အရောင် အနီရောင်များ ပျောက်သွားသည့်အထိ အသားကို အပူပေးကျက်အောင်လုပ်ပေးပါ။

7

ကောင်းကောင်း ကျက်သွားပြီဖြစ်သော ဝက်သားပေါ်တွင် အသင့် ပြင်ဆင်ထားသည့် ဟင်းအနှစ်များ ထည့်ပေးပါ။

8

ဟင်းအနှစ်နှင့် အသားကို အတူတကွ ကြော်ပေးပါ။

9

နောက်ဆုံးတွင် ကြက်သွန်နီနှင့် ကြက်သွန်မြိတ်များ၊ ဟင်းသီးဟင်းရွက်များ ထည့်ပေးပါက ဂျယ်ယုဘို့ကွန်းမ်ဟုခေါ်သည့် ဝက်သားကြော်ချက် ဟင်းတစ်ခွက် အဆင်သင့်ဖြစ်ပါပြီ။

10