အားလုံးပဲမင်္ဂလာပါနော်။ ကိုရီးယားစတိုင်လ် အာလူးပန်ကိတ်ပြုလုပ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

ပြုလုပ်ရလွယ်ကူပြီးတော့ အရသာရှိတာမို့ စာဖတ်သူတို့ သဘောကျကြမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အာလူး ၂ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • ငရုတ်သီးအစိမ်း ၁ တောင့်

  • ဆားအနည်းငယ်
  • ဆီ
  • ဆော့စ်

ပြုလုပ်နည်း

အာလူးကို အခွံနွှာပြီး ကျိတ်စက်ထဲ ထည့်ကျိတ်လိုက်ပါ။

ပြီးရင်တော့ ရေစစ်ချလိုက်ပါ။

ကြက်သွန်နီကိုလည်း သေချာလေး ကျိတ်ပေးလိုက်ပြီး သေချာရောပေးလိုက်ပါ။ ဆားနည်းနည်းထည့်ပါ။

ပြောင်းဖူးကော်မှုန့်ထည့်ပြီး နယ်ပေးလို့ရပါတယ်။

အိုးထဲကို ဆီထည့်ပြီးအပူပေးလိုက်ပါ။

ပြီးရင်တော့ အာလူးတွေကို စုပြီး ကြော်ပေးလိုက်ပါ။

ငရုတ်သီးလေးပါးပါးလှီးပြီး အပေါ်ကတင်ပေးလိုက်ပါ။

ရပြီဆိုရင် နောက်တစ်ဖက်ပြောင်းပါ။

အဲဒီနောက် ဆော့စ် (သို့) ငံပြာရည် နဲ့ တို့စားလို့ရပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar