ကိုရီးယားအာလူးထောင်း (Korean Potato Salad)

Share this on:

Korean Potatoe Salad (ကိုရီးယားအာလူးထောင်း) ပြုလုပ်ပုံလေးပြောပြမယ်။   ကိုရီးယား အာလူးထောင်းပြု လုပ်ရတာအရမ်းလွယ်ကူပါတယ် ။ အရသာ အဟာရ ပြည့်ဝလှပါတယ် ။   ကလေးငယ်တွေ အတွက် အထူးသင့်လျှော်ပြီး ။  လူကြီးများလည်း အစာပြေ စားလို့ ရပါတယ် ။

11951882_1643475349265177_1126829564530680917_n 11895076_1643475279265184_642056107945321477_o

ပါဝင်ပစ္စည်းများ

  • အာလူး - အခွံနွှာပြီး အဝိုင်းလိုက်လှီးပါ ။ (အာလူးများကို အကွင်းလိုက် လှီးက မြန်မြန်နူးပြီး အကျက်ညီပါတယ်။)
  • ကြက်ဥ - ၃ လုံး ( ပြုတ်ပြီးအခွံနွှာထားပါ။)
  • သခွားသီး (နုပ်နုပ်လေးတွေလှီးထားပါ)
  • မုန်လာဥနီ (နုပ်နုပ်လေးတွေလှီးထားပါ)
  • ပျားရည် - အနည်းငယ်
  • ငရုပ်ကောင်းအဖြူ မှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • မရောနိစ် (Mayonnaise)

ပြုလုပ်နည်း

  1. ပထမဦးစွာ အာလူးများကို အခွံနွှာပြီး ရေစင်အောင်ဆေး ၊ အဝိုင်းလိုက် လှီးပြီး ရေကို မြုပ်ရုံ ထည့်ပြီး ၊ ဆား အနည်းငယ် ထည့်၍ ပြုတ်ပါ ။ (အာလူးများကို အကွင်းလိုက်လှီးက မြန်မြန်နူးပြီး အကျက်ညီပါတယ်)
  2. ကြက်ဥသုံးလုံးခန့်ကိုပါ တစ်ခြားအိုးဖြင့် ကျက်အောင်ပြုတ်ပြီး အခွံနွှာ ထားပါ ။
  3. အာလူးထောင်းထဲ ကာလာထည့်ရန် သခွားသီးနှင့် မုန်လာဥနီ အနည်းငယ်ခန့်ကို နုပ်နုပ်လေးတွေလှီးပြီး ဆား အနည်းငယ် ထည့်ပြီး နယ်ထားပါ ။
  4. အာလူးများကို ရေခမ်းသည်ထိ မီးကိုချပြီး ဖြေးဖြေးချင်း ပြုတ်ပါ ။ ရည်များ မသွန်ပစ် ရပါ ။ ရေခမ်းသွားပါက အအေးခံပြီး ညက်နေအောင် ဖိချေပြီး ထောင်းပါ ။
  5. ပျားရည် အနည်းငယ် ထည့်ပါ ။
  6. မရောနိစ် (Mayonnaise) ကို အာလူးထောင်း တစ်ဝက်ခန့် ထည့်ပါ ။
  7. ကြက်ဥပြုတ်ကို အနှစ်များ ထုတ်ပြီး အကာများကို နုပ်နုပ်စဉ်းပြီး ထည့်ပါ ။
  8. ကြက်ဥသုံးလုံးမှ အနှစ် ၂လုံးအား အတူရောပြီး ထည့်ထောင်းလို့ ရပါတယ် ။ (အနှစ်တစ်လုံးအား ကော်ဖီစစ်သည့် ဇကာဖြင့် အသာဖိတိုက်ပြီး ကျလာသည့် အမှုန့်များကို ပန်းကန် တစ်ခုထဲ ထည့်ထားပါ) အာလူးထောင်း အပေါ်တွင် ဖြူးရန် အတွက် ဖြစ်ပါတယ် ။
  9. ထို့နောက် ငရုပ်ကောင်းအဖြူမှုန့် အနည်းငယ်ဖြူးပြီး အားလုံးနှံ့နေအောင် ရောထောင်းကာ ပုံတွင် ပြထားသည့် အတိုင်း ပြင်၍ အပေါ်တွင် ဇကာဖြင့် တိုက်ထားသည့် ကြက်ဥ အနှစ် အမှုန့်လေးတွေ ဖြူးပြီး အရသာရှိစွာ သုံးဆောင်နိုင် ပါသည် ။
Credit : ဇွဲသုသု

Review

User Rating

0 (0 Votes)