ထမင်းစားတဲ့အခါ ချဉ်ရည်ဟင်းတစ်ခွက်၊ ဟင်းချိုတစ်ခွက်က ထမင်းစားရတာ ပိုအရသာရှိအောင်၊ ပိုမြိန်အောင် ကူညီပေးနိုင်ပါတယ်။ ချဉ်ရည်ဟင်းတို့၊ စွပ်ပြုတ်ဟင်းချိုတို့စားရတာ ရိုးအီလာလို့ အသစ်အဆန်းပြောင်းသောက်ချင်တယ်ဆိုရင်တော့ အမဲသား ရေညှိဟင်းရည်လေး လုပ်သောက်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ရေညှိအခြောက် ၁၅ ဂရမ် (ဝ.၅ အောင်စ)
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • အမဲသား ၁၂၉၀ ဂရမ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ ၂၅၀ မီလီလီတာဝင်ဆံ့သော ခွက် ၅ ခွက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ရေညှိများ ပွလာဖို့အတွက် ရေအေးထဲတွင် ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ စိမ်ထားလိုက်ပါ။ ထို့နောက် စိမ်ထားသော ရေကို ဖယ်ထုတ်လိုက်ပြီး ရေစင်အောင် ထပ်ဆေးပေးရပါမယ်။ ပြီးတဲ့အခါ ထိုရေညှိများကို အရည်ညှစ်ပြီး ကတ်ကြေးဖြင့် ဖြတ်ထားလိုက်ပါ။ အနေတော်အတုံးများတုံးထားသော အမဲသားကို ဆား၊ ငရုတ်ကောင်းတို့ဖြင့်နယ်ထားပါ။

ထို့နောက် ဟင်းအိုးကို စက္ကန့် ၂၀ ခန့် ကြိုတင်အပူပေးပြီးနောက် နှမ်းဆီထည့်ပါ။ ရေညှိနှင့် အမဲသားတို့ထည့်ပြီး ၂ မိနစ်ခန့် မွှေလိုက်ပါ။ ပဲငံပြာရည်၊ ကြက်သွန်ဖြူနှင့် ရေတို့ရောထည့်ပြီးနောက် အဖုံးအုပ်ထားကာ ၁၀ မိနစ်မှ ၁၅ မိနစ်အထိ တည်ထားလိုက်ပါ။

ဟင်းရည်ဆူတဲ့အခါ အပေါ့အငန်မြည်းပြီး လိုအပ်ပါက ဆား၊ ငရုတ်ကောင်းမှုန့်တို့ထပ်ထည့်နိုင်ပါတယ်။ ဒါဆိုရင်တော့ ထမင်းမြိန်စေမယ့် ရေညှိဟင်းရည်တစ်ခွက် ရရှိသွားပါပြီ။

Source: mykoreankitchen.com