MyFood Myanmar စာဖတ်ချစ်ပရိတ်သတ်များ အားလုံးပဲ မင်္ဂလာပါရှင်။ နွေရာသီကို ရောက်လာပြီဆိုရင် နေရထိုင်ရတာလည်း မကောင်းတော့သလို အစာစားချင်စိတ်တွေလည်း တဖြည်းဖြည်း ပျောက်ရှလို့လာပါတယ်နော်။ နေ့ခင်းနေ့လည်ချိန်တွေမှာ သရေစာစားဖို့အတွက် အပြင်မထွက်ရဲလောက်အောင် နေကြီးကပူလွန်းတာကြောင့် အိမ်မှာပဲ ငုတ်တုပ်ဖြစ်နေရပါသလား။

ဒီလိုအချိန်တွေကို ကျော်လွှားနိုင်ဖို့အတွက် အရသာရှိတဲ့ ရေခဲသုပ်နည်းလေးကို ပြောပြပေးမယ်နော်။

ပါဝင်ပစ္စည်းများ

  • ရေခဲတုံး – ၄၀၀ ဂရမ်
  • ပဲနှစ်အချို – စားပွဲတင်ဇွန်း ၂ ဇွန်း
  • နို့ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
  • စတော်ဘယ်ရီသီး (ပါးပါးလှီးပြီး) – ၈၀ ဂရမ်

  • ကီဝီသီး (ပါးပါးလှီးပြီး) – ၄၅ ဂရမ်
  • ဘလူးဘယ်ရီ – ၄၅ ဂရမ်
  • နာနတ်သီး (တုံးပြီးသား) – ၄၅ ဂရမ်

ပြင်ဆင်ပုံ

၁။ ရေခဲတုံးတွေကို ကြိတ်စက်ထဲထည့်ကာ စက္ကန့်နှစ်ဆယ်လောက် ကြိတ်ပေးပါ။

၂။ ကြိတ်ပြီးသွားတဲ့ ရေခဲတွေကို ပန်းကန်လုံးတစ်ခုထဲပြောင်းထည့်ကာ အပေါ်မှနေပြီး အသီးလေးတွေနဲ့အလှဆင်ကာ အလယ်မှာ ပဲအနှစ်ထည့်ပါ။

၃။ အကုန်လုံးထည့်ပြီးသွားပြီဆိုရင် နောက်ဆုံးအဆင့်အနေနဲ့ အပေါ်မှ နို့ဆီလိုက်ဆမ်းပေးလိုက်ပါ။

ပြီးရင်တော့ သေချာနယ်ကာ အေးအေးလေး သုံးဆောင်နိုင်ပါပြီ။

Source: mykoreankitchen.com