အားလုံးပဲမင်္ဂလာပါနော်။ မိမိရဲ့ ဟင်းချက်လက်ရာနဲ့ ချစ်သူခင်သူဆီက ရင်းနှီးမှုကို ပိုမိုရယူလိုက်ပါလို့ အကြံပြုချင်ပါတယ်။ ဒီတခါမှာတော့ အရသာရှိတဲ့ ကိုရီးယား စတိုင်လ် ကြက်သားနှမ်းကပ်ကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်သား (ကြက်တောင်ပံ (သို့) ကြက်ပေါင် (သို့) ကြက်သားအတုံး) များ
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းဖူးကော်မှုန့် ၁ ခွက်
  • နှမ်းအနည်းငယ်
  • ဟင်းချက်ဆီ

ဆော့စ်လုပ်ရန်အတွက်

  • ခရမ်းချဉ်သီး ဆော့လ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ၂ ဇွန်းခွဲ
  • ပျားရည် ခွက် ၁/၄ ပုံ
  • သကြား ခွက် ၁/၄ပုံ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်ခုထဲမှာ ကြက်သား၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဝိုင် နဲ့ ပြောင်းဖူးမှုန့် စတာတွေနဲ့ နယ်လိုက်ပါ။

အိုးထဲကို ဆီထည့်ပြီး ပူလာပြီဆိုရင် ကြက်သားတွေထည့်ပြီး ကြော်လိုက်ပါ။

ပြီးရင်တော့ အပေါ်မှာ ဖော်ပြထားတဲ့ ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပြီး မွှေလိုက်ပါ။ ပြီးရင် ကြက်သားအပေါ်ကနေ လောင်းပေးလိုက်ပါ။ အပေါ်ကနေ နှမ်းကပ်လေး ဖြူးပေးလိုက်ပါ။

ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen.com