ခေါက်ဆွဲချစ်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားခေါက်ဆွဲကြော်ပြုလုပ်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁၃ အောင်စခန့် (အနေတော်အတုံးတုံးထားပါ)

  • ပန်းဂေါ်ဖီစိမ်း ၈ အောင်စ
  • မုန်လာဥနီ ၂၁၀ ဂရမ်
  • ငရုတ်ပွအနီ ၂၀ ဂရမ်
  • ကိုရီးယားခေါက်ဆွဲလုံး (အူဒုံခေါက်ဆွဲ) ၆၀၀ ဂရမ်
  • ဆီအနည်းငယ်

(ဟင်းသီးဟင်းရွက်များကို နှစ်မျိုးထက်ပိုပြီး စုံလင်အောင် ထပ်ထည့်ပေးလို့လည်း ရပါတယ်)

ကြက်သားနယ်ရန် ဟင်းအနှစ်ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်နှစ် လက်ဖက်ရည်နှစ် ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းဂေါ်ဖီစိမ်းများကို လှီးဖြတ်ထားပြီး မုန်လာဥနီများကိုလည်း အလျားလိုက် ပါးပါးလှီးထားပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဟင်းအနှစ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်း ၅ မျိုးစလုံးကို ရောထည့်ကာ မွှေထားလိုက်ပါ။ ထို့နောက် ပါးပါးလှီးထားသော ကြက်သားများ ထိုအနှစ်များထဲထည့်ပြီး သမအောင်မွှေကာ မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ အိုးတစ်လုံးထဲတွင် ရေထည့်ကာ ၅ မိနစ်၊ ၈ မိနစ်ခန့်တည်ထားပါ။ ထို့နောက် ခေါက်ဆွဲများထည့်ပြီး ၃ မိနစ်ခန့် ပြုတ်ထားပြီးနောက် ရေစစ်ထားလိုက်ပါ။

ကြက်သား စိမ်ထားသည့်အချိန် မိနစ် ၃၀ ပြည့်ပါက ကြော်မယ့်ဒယ်အိုးကို အပူပေးပြီးဆီထည့်ကာ ကြက်သားတုံးများကို ၃ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်များ ထပ်ထည့်ကာ ၃ မိနစ်၊ ၅ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

တစ်ဆက်တည်းမှာပဲ ဒယ်အိုးထဲသို့ ခေါက်ဆွဲများထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကိုရီးယားခေါက်ဆွဲကြော်လေးကို မြည်းစမ်းကြည့်လို့ရပါပြီ။

Source: mykoreankitchen.com