ကင်ချီထမင်းသုပ်ပြုလုပ်ဖို့ အဓိကလိုအပ်တာကတော့ Korean ကင်ချီရယ် ၊ Korean ငရုတ်ဆော့စ်ရယ် ၊ ပဲငံပြာရည်ရယ် ၊ ကြာညို့အချို (အရည်ကျဲ) ရယ် ပါပဲ။

ပါဝင်ပစ္စည်းများ

  • Koreanကင်ချီ – ၁ထုပ်
  • Koreanငရုတ်ဆော့ – ၁ဘူး
  • မုန့်ညှင်းရွက် – ၁ စည်း
  • သခွားသီး – အနည်းငယ်
  • ခါကြက်ဥ(မုန်လာဥနီ) – အနည်းငယ်

  • မှို(ပုံပါအတိုင်း) – အနည်းငယ်
  • ငရုတ်သီးစိမ်း – အနည်းငယ်
  • နှမ်း – အနည်းငယ်
  • ဟင်းချိုမှုန့်၊ ဆား – အနည်းငယ်
  • ကြက်သွန်မြိတ် – ၁စည်း

ပြင်ဆင်ပြုလုပ်နည်း

မုန့်ညင်းရွက် ၁စည်းကို ပြုတ်ထားပါ။ ကြက်သွန်မြိတ် ၁စည်းကိုလှီးထားပါ။ သခွားသီးနဲ့ ခါကြက်ဥကို အချောင်းရှည်ရှည် မထူမပါးလေး လှီးထားပါ ။ မှိုကိုရေဆေးပြီး အဆင်သင့်ပြင်ထားပါ။

မှိုကို ဆီပါလေကာလေး ထည့်ပီး မှိုဖတ်တွေ လိတ်သွားသည်အထိ ကြော်ပေးပါ။ (ဆား ၊ ဟင်းချိုမှုန့်အနည်းငယ်ထည့်ကြော်ပါ)

ခါကြက်ဥကို ဆီပါလေကာလေး ထည့်ပီးနွမ်းသည်အထိကြော်ပေးပါ။ (ဆား/ဟင်းချိုမှုန့်အနဲငယ်ထည့်ကြော်ပါ)

ထမင်း (၃ယောက်စာ) ကို ပန်းကန်လုံး အဝိုင်းထဲထည့်ထားပါ။ (ဆန်ကို စီးစီလေးဖစ်အောင် ပေါ်ဆန်းမွှေးဆန်နဲ့ရွှေဘိုမဂျမ်းတောကိုရောချက်ထားတာပါ)
ကင်ချီနဲ့ငရုတ်ဆော့ကို အဆင်သင့်ပြင်ထားပါ။ ပဲငံပြာရည်နဲ့ကြာညို့ (အရည်ကျဲ) ကို ပြင်ထားပါ။

ပုံပါအတိုင်း ပြင်ဆင်ပါ > ထမင်းထဲသို့ (ပဲငံပြာရည်နဲ့ကြာညို့ (အရည်ကျဲ) ကို အရင်ထည့်ပါ။ ပီးရင် ငရုတ်ဆော့၄ဇွန်းထည့်ပါ။ (ထမင်းစားဇွန်း) ဟင်းချိုမှုန့်အနဲငယ်ထည့်ပါ။ နောက်တော့ ဘေးပတ်ပတ်လည်မှာ ကင်ချီ ၄ဇွန်း(ထမင်းစားဇွန်းထည့်ပါ)။ ခုနက ကြော်ထားတဲ့ (မှိုနဲ့ခါကြက်ဥကိုထည့်ပါ)။ မုန့်ညင်းပြုတ်ကို ထည့်ပါ။ ငရုတ်သီးစိမ်းကို လှီးပီးထည့်ပါ။ ကြက်သွန်မြိတ်ထည့်ပါ။ သခွားသီးလှီးထားတာတွေထည့်ပါ။ နှမ်းအနည်းငယ် ဖြူးပါ။

အကုန်လုံး ပြင်ဆင်ပီးရင် သမအောင်နှယ်ပေးပါ။ ပြီးရင်တော့ အရသာရှိလှတဲ့ “Koreanကင်ချီထမင်းသုပ်”လေးကို သုံးဆောင်လို့ ရပါပြီ။

Credit: ZunPwintHtin