အားလုံးပဲမင်္ဂလာပါနော်။ LA Galbi/Kalbi လို့ခေါ်တဲ့ ကိုရီးယား အမဲနံရိုးကင်လေးက တောင်ကိုရီးယားနိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

နည်းနည်းလေးချိုတဲ့အရသာရှိသလို၊ အနည်းငယ်ငန်တဲ့အရသာလည်းရှိပြီး စားရတာ ခံတွင်းတွေ့စေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

အမဲ နံရိုး ၈၀၀ ဂရမ်

ပဲငံပြာရည် စားပွဲတင်ဇွန်း ၇  ဇွန်း

သကြားအညို စားပွဲတင်ဇွန်း ၃ ဇွန်းခွဲ

ဆန်အရက် (သို့) ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း

ပန်းသီး တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ တောက်တောက်စဉ်း စားပွဲတ်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

ဂျင်းတောက်တောက်စဉ်း အနည်းငယ်

ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အမဲနံရိုးကို ရေအေးအေးနဲ့ (၁) နာရီလောက် စိမ်လိုက်ပါ။ ပြီးရင်တော့ အမဲနံရိုးကို ရေ ၂ ခါလောက်ဆေးလိုက်ပါ။

ပြီးရင်တော့ တခြားပါဝင်ပစ္စည်းတွေကို ကြိတ်လိုက်ပါ။

အမဲနံရိုးကို ဆားနဲ့ နယ်ပေးလိုက်ပြီး ၁ နာရီလောက်ရေစစ်ထားလိုက်ပါ။ ပြီးရင်တော့ ခုဏတုန်းကလုပ်ထားတဲ့ ဆော့လ်နဲ့ နယ်ပေးလိုက်ပါ။

၃ နာရီ ၄ နာရီလောက် နှပ်ထားပေးပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

အသားကို မချက်ခင်မှာ ရေခဲသေတ္တာထဲကနေ ထုတ်ပြီး မိနစ် ၃၀ လောက်ထားထားပါ။

ပြီးရင်တော့ အသားကို ကင်ပေးနိုင်ပါပြီ။

Source: www.mykoreankitchem.com