ရုံးပတေသီးတွေက အမျှင်ဓာတ်၊ ဗီတာမင် စီ၊ K ၊ Folate၊ ကယ်ဆီယမ် နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ ပါဝင်နေပါတယ်။

အဲ့ဒီအပြင် ဗီတာမင် B3၊ ဗီတာမင် B1 ၊ ဗီတာမင် B6 ၊ မဂ္ဂနီဆီယမ်၊ Beta-Carotene နဲ့  Lutein ဓာတ်တို့ပါဝင်နေပါတယ်။

ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေး

ရုံးပတေသီး မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင် စီဓာတ်ပါဝင်မှုမြင့်မားတာကြောင့် သွေးဖြူဥတွေ ထုတ်လုပ်မှုကို အားကောင်းစေပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free Radicals တွေကို စွန့်ထုတ်ပေးနိုင်ပါတယ်။

စွမ်းအားမြင့်  Antioxidant  တွေလည်းပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဖျားနာမှုတွေကို လျော့ချပေးပါတယ်။

အဲ့ဒီအပြင် ပုံမှန်စားပေးရင် ပါဝင်တဲ့ Antioxidant တွေကြောင့် နှလုံးရောဂါ၊ ကင်ဆာ နှင့် အရွယ်မတိုင်ခင် အိုမင်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အသည်းရောဂါတွေကို ကာကွယ်ပေး

ရုံးပတေသီးမှာ စီးကပ်တဲ့ Bile အက်ဆစ်တွေက အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အသည်းမှာ အဆီတွေစုပြုံလာတာကို ကာကွယ်ပေးပါတယ်။

၂၀၁၂ ခုနှစ်မှာ Saudi Pharmaceutical ဂျာနယ်မှာပါဝင်တဲ့ သုတေသနအရ ရုံးပတေသီးမှာပါဝင်တဲ့ Antioxidant တွေက အသည်းပျက်စီးတာကို ဓာတုနည်းအရ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အသည်းကျန်းမာရေးကို မြှင့်တင်ဖို့အတွက် ရုံးပတေသီးကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။