လက်ရှိဘ၀ကို တိုးတက်ချင်ရင် အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။ ဘ၀ရဲ့ နောက်ထပ် ခြေလှမ်းသစ်ကို လျှောက်လှမ်းတဲ့အချိန်မှာ စွန့်စားမှု၊ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Nestlé ကတော့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်နေတဲ့ NESCAFÉ 3-in-1 ကို ရပ်တန့်ပြီး Blend & Brew ကော်ဖီကို ပြောင်းလဲ ထုတ်လုပ်လိုက်ပါပြီ။

11

Nestlé ကုမ္ပဏီက အခုလက်ရှိမှာ စားသုံးသူတွေကြိုက်နေတဲ့ 3-in-1 ကော်ဖီကို ၁၉၈၉ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ မြန်မာနိုင်ငံမှာ စတင်ဖြန့်ချီခဲ့ပါတယ်။

ဒါပေမယ့် Nestlé ကုမ္ပဏီက အရည်အသွေးပိုကောင်းပြီး ပိုမိုလတ်ဆတ်တဲ့ ကော်ဖီမစ်ကို ထုတ်လုပ်နိုင်ဖို့ ကော်ဖီနည်းပညာအသစ်တစ်ခုကို ရှာဖွေခဲ့ပါတယ်။

5

Nestlé ရဲ့သုတေသနစင်တာမှာ နှစ်အတော်ကြာ သုတေသနစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးနောက် Blend & Brew ဆိုတဲ့ ကော်ဖီ ထုတ်လုပ်တဲ့နည်းပညာတွေအား တစ်ခေတ်ဆန်းစေမယ့် နည်းပညာတစ်ရပ်ကို ရှာဖွေနိုင်ခဲ့ပါပြီ။

6

Nestlé ရဲ့ မူပိုင် Blend & Brew နည်းပညာဟာ ကော်ဖီစေ့တွေကို သာမန်ထက် ၁၀ဆ ပိုမိုနုညက်အောင် ကြိတ်ချေကာ တခြား ပါဝင်ပစ္စည်းတွေနဲ့ ရောနှောပြီး နုညက်ကောင်းမွန်တဲ့ ကော်ဖီမှုန့်ဖြစ်အောင် တစ်ဆင့်ပြီး တစ်ဆင့် ထုတ်လုပ်ထားပါတယ်။

ထုတ်လုပ်ပုံ

အကောင်းမွန်ဆုံး ကော်ဖီရနံ့ ရရှိဖို့ ကော်ဖီစေ့တွေကို အသင့်တော်ဆုံး အပူချိန်မှာ လှော်စပ်ထားပြီး ပထမအကြိမ် ကြိတ်ချေမှုပြုလုပ်ပြီးတဲ့နောက်မှာ ကော်ဖီစေ့တွေကို ၁၀ဆ ပိုမိုနုညက်အောင် ဒုတိယအကြိမ် ထပ်မံကြိတ်ချေပါတယ်။ ဒါကြောင့် ကော်ဖီရဲ့ အနံ့ အဆီအနှစ်တွေက မွှေးပျံ့ နုညက်ပျော့ပျောင်းနေပါတယ်။

Screen Shot 2017-09-03 at 10.23.23 PM

ကော်ဖီမှုန့်တွေကို Nestlé ရဲ့ Creamer နဲ့ လွှမ်းခြုံလိုက်ပြီး ရေတွင် ပျော်ဝင်လွယ်သော ကော်ဖီ၊ သကြားတို့ကို နောက်ဆုံးအဆင့်အဖြစ် ရောစပ်လိုက်ပါတယ်။

3-in-1 နဲ့ Blend & Brew ကွာခြားချက်

ထုတ်လုပ်မှု အဆင့်တစ်ဆင့်ချင်းစီ သေချာဂရုတစိုက်ထုတ်လုပ်ကာ သမမျှတအောင် ရောစပ်ထုတ်လုပ်ထားမှုက တခြား 3-in-1 ကော်ဖီများနဲ့ Blend & Brew ရဲ့ ကွာခြားချက်ဘဲ ဖြစ်ပါတယ်။

12

ဒီလို မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အရသာ မျိုးရရှိဖို့အတွက်လည်း Nestlé ကုမ္ပဏီက ပြည်တွင်း သောက်သုံးသူတွေ မြည်းစမ်းသောက်စေကာသုတေသနတွေ အကြံပြုချက်တွေ ကောက်ခံခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ၁စက္ကန့်တိုင်းကို Blend & Brew ကော်ဖီခွက်ပေါင်း ၁၀၀ လောက်ကို သောက်သုံးနေကြပါပြီ။

3

ဒါကြောင် ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ခြေလှမ်းအသစ်ကို NESCAFÉ Blend & Brew နဲ့ အတူ စတင်လိုက်ကြရအောင်။

3-in-1 ကို အတိတ်မှာ ထားခဲ့ပြီး တောက်ပတဲ့ အနာဂတ်နေ့ရက်တွေကို Blend & Brew နဲ့ အတူ ဖြတ်သန်းလိုက်ရအောင်