အားလုံးပဲ မင်္ဂလာပါ။ အာလူးကတ်တလစ်ကြော်စားတဲ့အခါ ချိစ်အရသာပေါ်လွင်အောင် ဘယ်လိုပြင်ဆင်ပြုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးပြုတ် ၅ လုံး (အခွံခွာပြီး ထောင်းထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၂ လုံး
  • ချိစ်အနည်းငယ်နှင့် ပေါင်မုန့် အကြေအစများ
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပန်းကန်လုံး အကြီးတစ်လုံးထဲတွင် အာလူးထောင်း၊ ကြက်သွန်မြိတ်၊ ချိစ်တို့ ထည့်ကာ သမအောင် နယ်ပါ။ ကြက်ဥ ဖောက်ထည့်ပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် ထပ်မွှေလိုက်ပါ။

၂။ နယ်ထားသော အာလူးထောင်းများကို စားပွဲတင်ဇွန်း ၃ ဇွန်းခန့် ခပ်ထုတ်ပြီးနောက် အာလူးလုံးလေးဖြစ်အောင် လုံးလိုက်ပါ။ ထို့နောက် ပေါင်မုန့် အမှုန်များနဲ့ ကပ်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ အာလူးထောင်းများကို ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

၃။ အာလူးလုံးများ လုံးပြီးသွားတဲ့နောက် ဒယ်အိုးကို အပူပေးကာ ဆီထည့်ပြီးနောက် အာလူးများ ထည့်ကြော်လိုက်ပါ။ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပြီးသွားပါက ဆီစုပ်စက္ကူပေါ်တင်ပြီး ဆီများ စစ်ထုတ်လိုက်ပါ။

ရရှိလာတဲ့ အာလူးကတ်တလစ်လုံးများကို မိမိနှစ်သက်ရာ အချဉ် ဆော့စ်တို့ဖြင့် တို့စားပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: ustataste.com