အစားအသောက် ချစ်သူတွေဟာ အစားအစာတွေ မကုန်တဲ့ အခါ လွှင့်မပစ်တတ်ကြပါဘူး။ ပြန်နွှေးစားတတ်သလို အအေးခံထားပြီး နောက်နေ့ ပြန်စားတတ်ကြပါတယ်။ မီးဖိုချောင် အလေအလွှင့် နည်းစေတဲ့ နည်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကို ပြန်နွှေးပြီးစားတဲ့အခါ ဆိုးကျိုးရှိတတ်တဲ့ အစားအစာ အချို့ ရှိနေပါတယ်။

ခေတ်မှီလာတဲ့ အခါ မိုက်ကရိုဝေ့တွေကို တွင်ကျယ်စွာ သုံးလာကြပြီး ပြန်နွှေးစားဖို့ ပိုပြီး လွယ်ကူလာပါတယ်။ Food Standards Agency ရဲ့ အစားအစာတွေကို စိတ်ချစွာ စားရဖို့ အတွက် အချက် ၄ချက်လိုကြောင်း ပြောထားပါတယ်။ ချက်ပြုတ်ခြင်း၊ သန့်ရှင်းခြင်း၊ အဆိပ်အတောက် ကိုရှောင်ရှားခြင်းနဲ့ အေးစက်ခြင်းတို့ ဖြစ်ပါတယ်။

အစားအစာတွေကို ချက်ပြုတ်ရာမှာ ပါဝင်တဲ့ ဘတ်တီးရီးယားတွေကို သတ်ဖို့အတွက်က အရေးအကြီးဆုံး အချက်ပါ။ အချို့အစားအစာတွေဟာ ပြန်နွှေးလိုက်ကာမှ ပိုးမွှားတွေအဖြစ် ပြောင်းသွားတာတွေ ရှိပါတယ်။ ပြန်နွှေး မစားသင့်တဲ့ အစားအစာတွေထဲမှာ မှားယွင်းပြီး မကြာခဏ ပြုလုပ်တတ်တဲ့ အစားအစာ ၃မျိုး ရှိပါတယ်။

ထမင်း

ထမင်းတွေ ကျန်တဲ့ အခါ ပြန်နွှေးညပီး စားခြင်းဟာ တကယ့် အန္တရာယ်ပါလို့ ပြောထားပါတယ်။မချက်ရသေးတဲ့ ဆန်မှာ ဘတ်တီးရီးယားတွေ ပါဝင်နိုင်ပေမယ့် ချက်ပြုတ်လိုက်တဲ့ အခါ မရှိကြတော့ပါဘူး။ ဒါပေမယ့် ထမင်းကျန်တွေကို မှန်ကန်တဲ့ အပူချိန်မှာ မသိမ်းတဲ့ အတွက် ပိုးမွှား တွေဟာ ပြန်ပြီး ရောက်လာတတ်ပါတယ်။ စားမိလိုက်တဲ့ အခါမှာ အစာမကြေခြင်းနဲ့ ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ပြန်နွှေးပြီး စားမယ် ဆိုရင်လည်း အလုပ်မဖြစ်ပါဘူး။ ပြန်နွှေးတဲ့ အပူချိန်မှာတောင် ရှိရင်းစွဲ ပိုးတွေဟာ မသေစေနိုင်တော့ပါဘူး။ ဒါကြောင့် ထမင်းကို ချက်ပြီး အကုန် စားတာဟာ အကောင်းဆုံးပါပဲ။ ချက်တဲ့ အခါမှာတင် တစ်ခါတည်း ကုန်နိုင်မယ့် ပမာဏကို ချိန်ပြီး ချက်သင့်ပါတယ်။ တကယ်လို့ ထမင်းတွေ ကျန်နေမယ်ဆိုရင်တော့ အခန်း အပူချိန်မှာ တစ်နာရီထက် ပိုပြီး မထားသင့်ပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားပါ။ အကောင်းဆုံး ကတော့ ထမင်းကျန်တွေဟာ လူကို မကောင်းတဲ့ဖက် ဦးတည်နေတာမို့ ရှောင်သင့်ပါတယ်။

ဟင်းရွက်ဆီ

vegetable oil

ဟင်းရွက်ဆီနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ပြန်နွှေးတဲ့ အခါမှာလည်း သတိထားသင့်ပါတယ်။ ဒါဟာ နှလုံးရောဂါနဲ့ ကင်ဆာတွေကို ဖြစ်ပွားနိုင်တဲ့ ဆိုးကျိုးတွေ အထိ ရှိနေလို့ပါ။ လေ့လာတွေ့ရှိချက် အသစ်ရဲ့ ဖော်ပြချက်အရ ဟင်းရွက်ဆီတွေဟာ တစ်ခါထက်ပိုပြီး အပူပေးတဲ့ အခါ ပါဝင်တဲ့ဓာတ်တွေဟာ အက်ဆစ်အနေနဲ့ ပြောင်းသွားပြီး အဆိပ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဟင်းရွက်ဆီနဲ့ ချက်တဲ့ဟင်းတွေ ကျန်တဲ့ အခါ ပြန်နွှေးမစားသင့်ပါဘူး။

ဟင်းသီးဟင်းရွက်

4-copy1

အသီးအရွက်တွေ ကြော်ထား၊ ချက်ထားတာကို စားခါနီး ပြန်နွှေးစားတာတို့ အကျန်ကို ပြန်နွှေးစားတာတို့ဟာ သတိထားရမယ့် အချက်တွေပါ။ ဟင်းရွက်တွေကို အပူပြန်ထပ်ပေးခြင်းဟာ အဆိပ်တွေ အဖြစ်ပြောင်းလဲဖို့ ဖိတ်ခေါ်သလို ဖြစ်သွားပါတယ်။ အသီးအရွက် ဟင်းကျန်တွေကို သိမ်းမယ်ဆိုရင်တောင်  အပူချိန် 4’C ရဲ့ အောက်မှာပဲ သိမ်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အစိမ်းရောင်း အသီးအရွက်တွေမှာပါတဲံ Nitrate ဓာတ်ပေါင်းဟာ အခန်းအပူချိန်မှာတင် ပိုးတွေကို ပြန်ပြီး ဖြစ်စေနိုင်တာကြောင့်ပါ။

ဒါကြောင့် ဒီ အစားအစာ ၃မျိုး ကျန်နေတဲ့ အခါ စားဖို့ အတတ်နိုင်ဆုံး ရှောင်ပေးပါ။ အကောင်းဆုံးကတော့ ချင့်ချိန်ပြီး ချက်ပြုတ်တာ အကောင်းဆုံးပါပဲ။ နောက်ထပ် ပြန်နွှေး မစားသင့်တဲ့ အစားအစာတွေ အကြောင်းကိုလည်း မျှဝေပေးပါဦးမယ်။

အားလုံးပဲ ကျန်းမာပြီး အလှတိုးနိုင်ကြပါစေ။