အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ Lemon Cake ချိုချိုလေး လုပ်စားရအောင်ပါ။

ပါဝင်ပစ္စည်း

ကိတ်အတွက်

  • ဂျုံမှုန့် ခွက် ၁ ခွက်ခွဲ
  • ပွဆေး အနည်းငယ်
  • ဆား အနည်းငယ်
  • တို့ဖူး အပျော့ (Silken Tofu) ၁ ခွက် (နူးနေအောင်မွှေလိုက်ပါ)
  • သကြား ၁ ခွက်ခွဲ

  • ကြက်ဥ ၃ လုံး
  • သံပယိုသီး ၂ လုံးရဲ့ အခွံ ခြစ်
  • သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • Vanilla အနည်းငယ်
  • ဆီ ခွက် တစ်ဝက်

အရည်ဆမ်းရန်အတွက်

  • သကြား မှုန့် ၁ ခွက်
  • သံပယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး Oven ကို 350F နဲ့ အပူပေးလိုက်ပါ။

မှုန့်လုပ်မယ့် ဂျုံမှုန့်၊ ဆား၊ ပွဆေး တို့ကို ခွက်တစ်လုံးထဲထည့်ပြီး မွှေလိုက်ပါ။

နောက်ထပ်ခွက်တစ်လုံးထဲမှာ တို့ဖူးထည့်ပါ။ သကြား၊ ကြက်ဥ၊ သံပယိုသီးအခွံ၊ သံပယိုရည်နဲ့ Vanilla တို့ကိုထည့်ပြီး မွှေလိုက်ပါ။

အဲဒီနောက် စောစောကမွှေထားတဲ့ ဂျုံမှုန့်တွေကို အဲဒီအထဲထည့်လိုက်ပြီး သမအောင် သေချာမွှေပေးလိုက်ပါ။

အဲဒီနောက် မုန့်ဖုတ်မယ့်ဗန်း (Pan) ထဲကို ကိတ်မုန့်ဖုတ်တဲ့ စက္ကူလေးခံပြီး လောင်းထည့်လိုက်ပါ။

Lemon Cake လေးလုပ်စားရအောင်

ကိတ်ကို ၇၅ မိနစ်မှ ၈၅ မိနစ်အထိ ဖုတ်ပေးလိုက်ပါ။ တကယ်လို့ လိုသေးရင်လည်း အဲဒီထက်ကြာအောင်ဖုတ်ပေးလို့ရပါတယ်။

ကိတ်က အညိုရောင်လေးနည်းနည်းသန်းလာရင်တော့ ခဏထုတ်ကြည့်လိုက်ပါ။ သွားကြားထိုးတံကို ကိတ်သားထဲထိုးထည့်ကြည့်လိုက်လို့ သွားကြားထိုးတံမှာ ကိတ်သားမကပ်လာဘူးဆိုရင်တော့ ရပါပြီနော်။

၁၅ မိနစ်လောက် အအေးခံထားလိုက်ပါ။ အဲဒီနောက် Pan ထဲကနေ ကိတ်မုန့်ကိုထုတ်လိုက်ပြီးတော့ တစ်ညလုံးထားလို့ရပါတယ်။

အပေါ်ကနေ သကြားမှုန့်နဲ့ သံပယိုရည်ရောထားတာကိုလောင်းထည့်လိုက်ပြီးရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar