နေ့စဉ် အလုပ်တွေနဲ့ မအားလပ်တဲ့ လူတွေအတွက် Healthy Eating ဆိုတာဟာ ခက်ခဲတဲ့အရာပါ။ ဒီလို မအားလပ်တဲ့ လူတွေအတွက် မနက်တိုင်း ရေနွေးနဲ့ သံပုရာသီးကိုစိမ်ပြီး သောက်ပေးရင် မကောင်းတဲ့ အဆီတွေကိုကျစေပြီး တစ်နေကုန်စားတဲ့ အစားအစာတွေထဲက မကောင်းတဲ့အဆီတွေကို တားဆီးပေးနိုင်ပါတယ်။

မနက်စာစားပြီးတဲ့ အချိန်တိုင်းမှာ အခွံစိမ်းတဲ့ သံပုရာသီးတစ်လုံးကို ရေခပ်နွေးနွေးနဲ့စိမ်ပြီး သောက်နိုင်ပါတယ်။ ခွက်ကိုတော့ ကြွေနဲ့လုပ်ထားတဲ့ ခွက်တွေကိုပဲ သုံးပေးပါ။ တစ်နေ့ကို တစ်လုံး သောက်ပေးနိုင်ပါတယ်။ ဒီလို သောက်ပေးခြင်းဖြင့် ရရှိစေနိုင်တဲ့ အကျိုးတွေကတော့ –

အဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။ အိပ်ယာထလာတဲ့ အခါ ကိုယ်ထဲက ဆဲလ်တွေ လန်းဆန်းစေဖို့ ကူညီပေးပါတယ်။ တစ်နေ့တာလုံး ပေါ့ပါးလန်းဆန်းနေစေပါတယ်။ သံပုရာသီးဟာ သဘာ၀ အယ်ကာလိုင်းဓာတ် ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့် တစ်နေ့တာလုံးလိုအပ်တဲ့ ရေပမာဏကို ထိန်းပေးနိုင်ပါတယ်။

အဆိပ်အတောက်ပြေစေနိုင်ပြီး ဗီတာမင်စီကြောင့် အရေပြားကို သန့်စင်စေနိုင်ပါတယ်။ အစာကြေညက်ဖို့ အတွက် များစွာ အထောက်အကူ ပေးတဲ့ အပြင် ကိုယ်ခံအားကို မြင့်တက်စေနိုင်ပါတယ်။ ရာသီနာလို့ ခေါ်တဲ့ တုပ်ကွေးနဲ့ အခြား အအေးမိခြင်းတို့ကို ခုခံနိုင်စွမ်းရှိပါတယ်။ ၃လလောက် သောက်ပေးတဲ့ အခါ အဆီပိုတွေကို ကျစေနိုင်ပါတယ်။

သတိထားရမှာကတော့ အစာအိမ်ရှိသူတွေ အနေနဲ့ မသောက်သုံးသင့်ပါဘူး။ သွေးအားနည်းတတ်သူတွေလည်း ရှောင်သင့်ပါတယ်။

Ref: lifehack, paukpauk