အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သားဖက်ထုပ်ပေါင်းကို မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ပေါင်းအိုးအသုံးပြုစရာမလိုဘဲ ဒယ်အိုးလေးနဲ့ပဲ အလွယ်တကူပေါင်းလို့ရမယ့် နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Shutterstock

  • ကြက်သား ၁ ပေါင် (နုတ်နုတ်စင်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးဖြတ်ထားသော စပါးလင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးပွ အနီ ၁ လုံးရဲ့ ၄ ပုံ ၁ ပုံခန့်

Source: Shutterstock

  • ကြက်သွန်မြိတ် ၃ ခု
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးဆော့ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်

Source: Oneforkonespoon.wordpress.com

  • ဖက်ထုပ်လိပ်ရန် အသင့်ပြုလုပ်ထားသော ဂျုံဝိုင်းပြား ၅၀ ပြား
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ပန်းကန်လုံး အသေး တစ်ဝက်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ စပါးလင်နဲ့ ငရုတ်ပွတို့ကို နုတ်နုတ်စင်းထားလိုက်ပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်သားထည့်ပြီးနောက် စောစောကလှီးထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွ၊ ကြက်သွန်မြိတ်၊ စပါးလင်တို့ကို ကြက်သားပန်းကန်ထဲထည့်ပါ။ ထို့နောက် ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်သီးဆော့စ်နဲ့ ဆားတို့ထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

ဖက်ထုပ်လိပ်ရန် အသင့်လုပ်ဂျုံမှုန့်အဝိုင်းပြားရဲ့ အလယ်ဗဟိုတည့်တည့်မှာ ကြက်သား စားပွဲတင်ဇွန်း တစ်ဝက်ခန့်ကို ထားထားပြီး ပုံမှာ ပြထားသလို ဖက်ထုပ်လေမဝင်အောင် ပိတ်ထားလိုက်ပါ။

ဖက်ထုပ်များရလာတဲ့အခါ ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ် အအေးခံလိုက်ပါ။ (ဒီအဆင့်ကို ကျော်ချင်လည်းရပါတယ်)

ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ကာ အပူပေးပါ။ ထို့နောက် ဖက်ထုပ်များထည့်ပြီး ဖက်ထုပ်အောက်ခြေက အညိုရောင်ပြောင်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။ (၂ မိနစ်ခန့် ကြာပါလိမ့်မယ်)။

ထို့နောက် ဒယ်အိုးထဲသို့ ရေ ပန်းကန်လုံးအသေး တစ်ဝက်ခန့်ထည့်ပြီး ချက်ချင်းအဖုံးအုပ်ထားလိုက်ပါ။ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့်ကြာမှ အဖုံးပြန်ဖွင့်လိုက်ပါ။

ရရှိလာတဲ့ ဖက်ထုပ်ပေါင်းကို ပန်းကန်ပြားထဲထည့်ကာ ပူပူနွေးနွေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Picturetherecipe.com