လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ ဝက်သား အနည်းငယ်

၂။ ပဲကြာဇံ

၃။ ကြက်သွန်နီ

၎။ ကြက်သွန်ဖြူ

၅။ ငရုပ်သီး စိမ်း

၆။ တရုတ်နံနံ

၇။ ကြက်သွန်မြိတ်

၈။ ခရမ်းချဉ်သီး

၉။ သံပုရာသီး

၁၀။ ငံပြာရည်

၁၁။ သကြား အနည်းငယ်

ထိုင်းပဲကြာဇံ သုပ်နည်း အဆင့်ဆင့်ကတော့

၁။ ပဲကြာဇံကို ရေစိမ်ထားပါ။

၂။ ဝက်သားတောက်တောက်ဆင်းထားတာကို ရေ အနည်းငယ်နဲ့ လှော်လိုက်ပါ။ မီးအေးအေးလေးနဲ့လှော်ရင် ပိုပြီးတော့ ကောင်းပါတယ်။ မီးအားပြင်းရင် အသားမာသွားနိုင်လို့ပါ။

၃။ ရေစိမ်ထားတဲ့ ပဲကြာဇံကို ဆယ်ပြီး ရေပွတ်ပွတ်ဆူတဲ့ ထဲ ထည့်လိုက်ပါ။ ပဲကြာဇံ ကျက်လာရင်တော့ ရေအေးထဲ ထည့်လိုက်ပါ။ ပဲကြာဇံ အေးတဲ့ထိ စိမ်လိုက်ပါ။ ပဲကြာဇံကို ရေအေးနဲ့ မစိမ် ရင် ပဲကြာဇံ ပွလာရင် စားမကောင်းပါ။ ပဲကြာဇံ အေးသွားပါက ဆယ်ယူလိုက်ပါ။

၎။ ခရမ်းချဉ်သီးပုံထဲက အတိုင်း ဓားနဲ့လှီးပါ။

၅။ ကြက်သွန်နီ ကို ပါးပါးလှီးပါ။

၆။ ငရုပ်သီး ကြက်သွန်ဖြူ ကို ထောင်းပါ။

၇။ သံပရာ ရည် ညစ်ထားပါ။

၈။ ထောင်းထားတဲ့ ငရုပ်သီး၊ ကြက်သွန် ထဲ ငံပြာရည် သကြား အနည်းငယ် လိုအပ်သလို ထည့်နယ်လိုက်ပါ။ နောက်ပြီး သံပရာသီး ၂ဇွန်းထည့်ပါ။

၉ ။အအေးခံထားတဲ့ ပဲကြာဇံ ထဲကို ထောင်းထားတဲ့ ငရုပ်သီးထောင်း တွေကို ထည့်ပြီး နယ်လိုက်ပါ။ အပေါ့ အငန် ကို မြည်းပြီး လိုအပ်တာ ထည့်လိုက်ပါ။

၁၀။ အရသာ အတော်အသင့်ဖြစ်ပြီဆိုရင် လှော်ထားတဲ့ ဝက်သား၊ထည့်လိုက်ပါ။ အပေါ် အောက် နှံ့အောင် နယ်ပါ။

၁၁။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီိကိုထည့်ပြီး အပေါ် အောက် နှံ့စပ်အောင် မွှေးပါ။ နောက် လှီး ထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံတို့ကို ထည့်ပြီး နှံ့စပ်အောင်မွှေလိုက်ပါ။

နောက်ဆုံး ချဉ် ငံစပ် ချို တဲ့ ထိုင်း ပဲကြာဇံသုပ် လည်း ရပါမယ်။

ပုဇွန် ကြိုက်သူတွေကတော့ ပုဇွန် ထည့်သုတ်နိုင်သလို၊ ကြာဇံ အစား မာမား ခေါက်ဆွဲ ပြုတ်လည်း ထည့်လို့ရပါတယ်။

နောက်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ အပ်မှို လည်း ထည့်သုပ်လို့ရပါတယ်။