ရှားစောင်းလက်ပက်ဟာ ခန္ဓာကိုယ် အဂါၤအစိတ်အပိုင်းတိုင်းရဲ့ ဖွဲ့စည်းမှုစနစ်ကို အကျိုးပြုတဲ့ သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်တယ်။ ဆံပင်၊ အသားအရေ၊ အဝလွန်ခြင်း စသည်တို့အပြင် အခြားရောဂါပေါင်းများစွာရဲ့ ပင်မ ဆေးအရင်းအမြစ်ဖြစ်တယ်။ရှားစောင်းလက်ပက်မှာ ဗီတာမင် A B1 B2 B6 B12 C E စတဲ့အာဟာရဓာတ်ပေါင်းများစွာပါဝင်ပါတယ်။ ထို့အပြင် ခရိုမီယမ် (Chromium)၊ မဂ္ဂနီစီယမ် (Magnesium)၊ (မန်ဂနီစ်) Manganese၊ ဇင့် (Zinc)၊ ကော့ပါး (Copper)၊ ပိုတက်စီယမ် (Potassium)၊ သံဓာတ် (Iron)၊ ဆိုဒီယမ် (Sodium)၊ နဲ့ ကယ်လ်စီယမ် (Calcium) ကဲ့သိုသော သတ္တုဓာတ်များလည်းပါဝင်ပါတယ်။

ရှားစောင်းလက်ပက် ဖျော်ရည်သောက်ခြင်းဟာလည်း ကျန်းမာတဲ့အလေ့အကျင့်တစ်ခုဖြစ်ပေမယ့် သူရဲ့အနံ့ဟာ ခံတွင်းအတွက် စနိုးစနောင့်ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ခံတွင်းမြိန် ကျန်းမာစေတဲ့ ရှားစောင်းလက်ပက်ဖျော်နည်းများ ကို ဖော်ပြလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • သဘာဝ ရှာစောင်းလက်ပက် အနှစ် (စားပွဲတင် ဇွန်နှစ်ဇွန်း)
  • သံပုရာသီး ၁လုံး
  • ပျားရည် ၁ဇွန်း
  • ရေ အနည်းငယ်

ပြုလုပ်နည်း

သံပုရာရည်၊ ပျားရည်၊ ရှားစောင်းလက်ပက်အနှစ် နှင့် ရေအနည်းတို့ကို ဖျော်ရည်စက်ထဲတွင် ညက်ညောအောင်ထည့်ကြိတ်ပါ။ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ ။ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ သောက်သုံးရန် မသင့်တော်ပါ။