ပန်းဂေါ်ဖီကို ခါတိုင်းကြော်နေကျ အတောင့်လိုက်မဟုတ်ဘဲ ခြစ်နဲ့ ခြစ်ပြီး ကြော်စားကြည့်ရအောင်။

ပါဝင်ပစ္စည်း

ပန်းဂေါ်ဖီ ၁ ခု

ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း

အဆင့် (၁) ပန်းဂေါ်ဖီကို အရိုးနဲ့ အပွင့်နဲ့ ကြားကို လှီးလိုက်ပါ။

Photo Credit: www.fabhow.com

ပန်းဂေါ်ဖီရဲ့ အရိုးနဲ့ ပန်းဂေါ်ဖီအပွင့်ကြားကို ဓားနဲ့ လှီးလိုက်ပါ။ ပြီးရင် လက်နဲ့ ဆွဲခွာလိုက်ပါ။

အဆင့် (၂) ပန်းဂေါ်ဖီကို ဆေးလိုက်ပါ။

Photo Credit: www.fabhow.com

ခွက်တစ်ခွက်ကိုယူပြီး ရေဖြည့်လိုက်ပြီး ပန်းဂေါ်ဖီတွေကို ရေနှစ်ပြီး ဆေးလိုက်ပါ။ အညစ်အကြေးနေရာတွေကို ညင်သာစွာ ဆေးပြီး ဖယ်လိုက်ပါ။

ပြီးရင် စဉ်းနှီတုံးပေါ်တင်ပြီး ခြစ်နဲ့ ခြစ်လိုက်ပါ။

အဆင့် (၃) ပန်းဂေါ်ဖီကို အလယ်အလတ်မီးအပူနဲ့ ကြော်ပါ။

Photo Credit: www.fabhow.com

ဒယ်အိုးကို အပူပေးပြီး ဆီ (သံလွင်ဆီဆို ပိုကောင်း) ကို ထည့်ပါ။ ဆီ အစား ထောပတ်ထည့်လည်းရပါတယ်။

ပန်းဂေါ်ဖီကို ဒယ်အိုးထဲထည့်ပြီး သေချာ မွှေပြီး ကြော်ပါ။ အဖုံးလေးအုပ်ထားပြီး ၅ မိနစ်လောက် မီးအလယ်အလတ်နဲ့ ချက်ပါ။

ဒါဆိုရင် ပန်းဂေါ်ဖီကြော်လေးကို ဆား၊ ငရုတ်ကောင်းတို့ ၊ ကြိုက်နှစ်သက်ရာ ဆေးဖက်ဝင်အရွက်လေးတွေထည့်ပြီး စားသုံးလို့ရပါပြီ။