ပါဝင်တဲ့ ပစ္စည်းတွေကတော့

၁။  ဗီယက်နမ် ခေါက်ဆွဲ (မြီးရှည် ပါပဲ)

၂။ ဝက်ရိုး

၃။ ဝက်သား တောက်တောက်စင်း

၎။ ထိုင်းလို မူရော ( မြန်မာလို  စီဘီ အသား )

၅။ ကြက်သွန်နီကြော်

၆။ ရှမ်းနံနံ

၇။ ကြက်သွန်ကြော်

၈ ငရုပ်ကောင်း

၉ ။ ကော်ရည် ( ပီရော ပီနံ မှုန့် )

၁၀။ ငရုပ်သီး မှုန့် ဆီကျက်

၁၁။ ပဲငံပြာရည် အကြည်

၁၂။ ဆား၊ သကြား အနည်းငယ်

၁၃။ အသားမှုန့်

လုပ်ပုံ လုပ်နည်း ကတော့

၁။ ဝက်ရိုး ရည်ကို တည်လိုက်ပါ။ ပဲငံပြာရည် ဆား၊ သကြား အနည်းငယ်ထည့်ကာ တည်ပါ။

၂။ ဝက်သားတောက်တောက်စင်း ကို ဆီနည်းနည်းနဲ့လှော်လိုက်ပါ။

၃။ မြီးရှည်ကို နူးနေအောင် ပြုတ်ပြီး ရေဆေးနဲ့ ဆေးထားလိုက်ပါ။

၎။ မူရော ကို သေးသေးလေး တုံးကာ ရေနွေးဖြင့် ဆေးလိုက်ပါ။

၅။ ကော်ရည်မှုန့်ကို ရေအေးနဲ့ ဖျော်လိုက်ပါ။ဝက်ရိုး ရည် နူးလာပါက  ဖျော်ထားတဲ့ ကော်ရည်မှုန့်ကို ထည့်ပြီး မွှေလိုက်ပါ။ ပွတ်လာရင်တော့ ဟင်းရည် အရသာ မြည်းကြည့်လိုက်ပါ။

စားခါနီး ဆိုရင်တော့

ပြုတ်ထားတဲ့ မြီးရှည်ကို ပန်းကန်ထဲထည့်ပြီး ဟင်းရည် ထည့်လိုက်ပါ။ မူရော် ၊တော်တောက်စင်းထားတဲ့ဝက်သား၊ ငရုပ်ကောင်း၊   ကြက်သွန်နီကြော်၊ ရှမ်းနံနံ ၊ ကြွက်သွန်မြိတ် နဲ့ငရုပ်သီး ဆီချက်ကို လိုအပ်သလို ထည့်ကာ စားသုံးလို့ရပါပြီ။

ဗီယက်နမ် မှာ နာမည်ကြီးတဲ့ ဗီယက်နမ် ခေါက်ဆွဲ အလွယ်ချက်နည်းပါပဲ။