ကဲ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေက သူတို့ ၀န်ထမ်းတွေကို ဘယ်လို ၀န်ဆောင်မှုတွေပေးထားလဲဆိုတာ ကြည့်လိုက်ရအောင်။

Dropbox

Dropbox ရဲ့ ရုံးချုပ်က ကယ်လီဖိုးနီးယားပြည်နယ်၊ San Francisco မြို့မှာ တည်ရှိပါတယ်။ Tuck Shop ဆိုတဲ့ Cafeteria မှာ စားသောက်လို့ရပါတယ်။

ဝန်ထမ်းတွေကြိုက်နှစ်သက်ရာကို အခမဲ့ ရွေးစားနိုင်ပြီး ချက်ပြုတ်တဲ့ စာဖိုးမှူးတွေကလည်း နာမည်ကြီး စားသောက်ဆိုင်တွေမှာ လုပ်ဖူးတဲ့ စားဖိုမှူးတွေဘဲဖြစ်ပါတယ်။

Twitter

တွစ်တာ (Twitter) ရဲ့ ရုံးချုပ်က San Francisco မြို့မှာတည်ရှိပါတယ်။ ၀န်ထမ်းတွေကို အခမဲ့ ကျွေးမွေးပါတယ်။ တွစ်တာ (Twitter) ရဲ့ စားသောက်ခန်းမမှာတောင် တွစ်တာရဲ့ Branding ကို တွေ့နိုင်မှာပါ။

အစားအသောက် အမျိုးအစားခွဲတာတောင် @Birdfeeder တို့ #tenderloin (အနီရောင်ရှိတဲ့အသားမျိုး) တို့တောင် ရေးသားထားပါတယ်။

Pixar

မကြာသေးခင်က အော်စကာ ရသွားတဲ့ CoCo ၊ Buzz စတဲ့ နာမည်ကြီး Animation ရုပ်ရှင် တွေထုတ် လုပ်တဲ့ Pixar Animation ရုပ်ရှင်ကုမ္ပဏီဖြစ်ပါတယ်။

Pixar’s Cafè Luxo က ပြင်သစ်မှာရှိတဲ့ Musée d’Orsay ပြတိုက်ပုံစံနဲ့တောင် တူပါတယ်။

ဆယ်လ်မွန်ငါး၊ ဟမ်ဘာဂါ၊ ပီဇာ၊ Steaks စတဲ့ ဟင်းလျာပေါင်းမျိုးစုံကို ရွေးချယ်စားသောက်လို့ရပါတယ်။