ဆလပ်ရွက်ကို ပထမဆုံး အီဂျစ်နိုင်ငံမှာ  ဘီစီ ၂၆၈၀က စတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး ဟင်းသီးဟင်းရွက်အဖြစ် စားသုံးကြပါတယ်။

အီဂျစ်ရဲ့ နံရံ ဆေးရေး ပန်းချီတွေနဲ့ အုတ်ဂူတွေမှာ ဆလပ်ရွက်ပုံစံတွေ ရေးဆွဲထားတာတွေ တွေ့ရပါတယ်။

၁၉၀၀ ပြည့်နှစ်ပိုင်းတွေမှာတော့ အနောက်နိုင်ငံတွေက ဆလပ်ရွက်ကို စီးပွားဖြစ်စိုက်ပျိုးပြီး ပါကင်ထုတ်ကာ ရေလမ်းခရီးနဲ့ တင်ပို့ရောင်းချခဲ့ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေး

ဇီဝကမ္မဖြစ်စဉ်ဆိုတာက စားသုံးလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ်ပြောင်းလဲသွားခြင်းနဲ့ တခြား အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပေးပါတယ်။

ဆလပ်ရွက်က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့အပြင် မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတဲ့  B-Complex ဓာတ်တွေလည်း အများကြီးပါဝင်နေပါတယ်။

နှလုံးပြဿနာတွေကို လျော့ချပေး

ဆလပ်ရွက်ထဲမှာ Beta Carotene ဓာတ်နဲ့ ဗီတာမင်စီ တွေကြွယ်ဝစွာပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေ သွေးကြောထဲမှာ အနယ်ကျမှုကို ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တွေကလည်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ချပေးပါတယ်။

ဆီးချိုကို လျော့ချပေး

ဆလပ်ရွက်က ဆီးချိုဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။သွေးအတွင်းသကြားဓာတ်ကိုလျော့ချပေးနိုင်တာကြောင့် ဆီးချိုဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။

ကင်ဆာကို ကာကွယ်ပေး

ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး၊ ကိုယ်အလေးချိန်လျော့ချပေးမယ့် ထောပတ်သီး

ဆလပ်ရွက်က အထူးသဖြင့် သွေးကင်ဆာနဲ့ ရင်သားကင်ဆာ ကို ကာကွယ်ပေးနိုင်ပါတယ်။