အခုလို ပူပြင်းနေတဲ့ နွေရာသီမှာ လန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့ သံပုရာသီး Mojito လေး ဖျော်သောက်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ (တစ်ခွက်စာ)

သံပုရာသီး ၃ စိတ် (အလှဆင်ဖို့အတွက် နောက် တစ်စိတ်ထည့်ချင်လည်းရ)

ပူစီနံ ၆ ရွက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

အဖြူရောင် ရမ် 45 ml

ရေခဲ (ထည့်ချင်ရင်)

ဆိုဒါ ရေ (ထည့်ချင်ရင်)

ပြုလုပ်နည်း

ဖန်ခွက်ရှည်တစ်လုံးထဲကို ပူစီနံထည့်ပါ။ သံပုရာ ၃ စိတ်ကို ညှစ်ထည့်ပါ။ ပြီးရင်ဖန်ခွက်ထဲထည့်ပြီး မွှေပါ။

ရမ်၊ ရေခဲ နဲ့ ဆိုဒါ ရေ သို့ ရေ ရိုးရိုး ကိုထည့်ပါ။ မွှေပါ။

သံပုရာသီးနဲ့ ပူစီနံရွက်နဲ့ ဖန်ခွက်ထိပ်မှာအလှဆင်လိုက်ပါ။ ဒါဆိုရင် လန်းဆန်းတက်ကြွတဲ့ သံပုရာသီး Mojito ကိုသောက်လို့ရပါပြီနော်။

နွေရာသီမှာ သင့်ကို လန်းဆန်းစေမယ့် သံပုရာသီး Mojito ကော့တေး