ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အသည်းကို သန့်ရှင်းပေးသောအစားအစာများ

October 9, 2016

အသည်းကို သန့်ရှင်းပေးသောအစားအစာများ

Share this on:

အလွန်အကျွံစားခြင်း၊ ကျန်းမာရေးနဲ့ မသင့်တော်တဲ့အစားအစာတွေကို စားခြင်း၊ အရက်နဲ့ဆေးလိပ်စတဲ့ အဆိပ်အ တောက်တွေပါတဲ့ အရာတွေကို သုံးစွဲခြင်းကြောင့် အသည်းမှာ မသင့်တော်တဲ့ဓာတ်တွေ၊ အညစ်အကြေးတွေ ရောက်စေပါတယ်။ အဲဒီမသန့်ရှင်းတဲ့ဓာတ်တွေကို ပြေပျောက်စေနိုင်တဲ့ အစားအစာတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော် ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်ဖြူ

1

ကြက်သွန်ဖြူမှာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အသည်းကျန်းမာရေးကို
အထူးကောင်းမွန်စေတဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ် 33.06 ဂရမ် အထိ ပါဝင်ပါတယ်။ အရက်သေစာသောက်သုံးသူများအနေနဲ့ နေ့စဉ် မနက်ပိုင်းမှာ ကြက်သွန်ဖြူ သုံးတက်ခန့်ကို ထောင်းပြီး၊ ပျားရည်အနည်းငယ်နဲ့ ရောစပ်ပြီး ပုံမှန်စားပေးသင့်ပါတယ်။

(၂) ရေနွေးကြမ်း

2

ရေနွေးကြမ်းသောက်သည့် အလေ့အထဟာ မြန်မာနိုင်ငံမှာ ရှေးယခင်နှစ်ပေါင်းများစွာကတည်းက အစဉ်အဆက်ကျင့်သုံးလာတဲ့ ဓလေ့ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ အဆိုပါဓလေ့ဟာ ကျေးလက်တောရွာတွေလောက်သာ ရှိပါတော့တယ်။ ရေနွေးကြမ်းဟာ အသည်းကို သန့်ရှင်းပေးရမှာ အလွန်အသုံးဝင်လှပြီး သွေးသားကို သန့်ရှင်းပေးရာမှာလည်း အသုံးဝင်ပါတယ်။

(၃) အစိမ်းရောင်အရွက်များ

3

အစိမ်းရောင် ဟင်းရွက်တွေရဲ့ အသုံးဝင်ပုံကို များပြားလှသော ဆောင်းပါးတွေနဲ့ တင်ပြခဲ့ဖူးပြီး ဖြစ်ပါတယ်။ ကြွယ်ဝတဲ့ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေဟာ အသည်းကိုလည်း အလွန်ကျေးဇူးပြုပါတယ်။ ဆေးလိပ်အရက်မှီဝဲသူတွေအနေနဲ့ နေ့စဉ် အားပြုစားသောက်ပေးသင့်ပါတယ်။

(၄) ပန်းသီး

4

ပန်းသီးကလည်း အသည်းနဲ့ကျောက်ကပ်ကို အထူးသန့်ရှင်းပေးနိုင်တဲ့ အစားအစာဖြစ်ပါတယ်။ ဗီတာမင်တွေ၊ အခြားသတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အသည်းထဲကို ၀င်ရောက်လာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးရာမှာလည်း အလွန်ထိရောက်ပြီး ကျန်းမာခြင်းကို ပေးပါတယ်။

(၅) လိမ္မော်မျိုးရင်းဝင် အသီးများ

5

လိမ္မော်မျိုးရင်းဝင် အသီးတွေမှာ အမျှင်ဓာတ်၊ ဗီတာမင် C စတဲ့ အဖိုးတန်ဓာတ်တွေ ပါဝင်ပါတယ်။ အသည်းရောဂါသမားတွေ၊ အရက်နဲ့ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်တဲ့သူတွေ အနေနဲ့ အသည်းကျန်းမာစေဖို့အတွက် နေ့စဉ် သောက်ပေးသင့်တဲ့ အသီးတွေ ဖြစ်ပါတယ်။

Credit: Shwemom http://shwemom.com 

Review

User Rating

4.1 (21 Votes)