မြန်မာစားသောက်ကုန် နဲ့ နိုင်ငံခြားက တင်သွင်းတဲ့ စားသောက်ကုန်တွေအပြင် ဟိုတယ်လုပ်ငန်းများဆိုင်ရာ ပရိဘောဂပစ္စည်းတွေကို စုံစုံလင်လင်နဲ့ ကြည့်ရှု့ဝယ်ယူနိုင်မယ့် MYANFOOD 2017 ပြပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ထိ မင်းဓမ္မလမ်းရှိ MEP MINDAMA မှာ ကျင်းပပြုလုပ်နေပါတယ်။

နိုင်ငံတကာ အဆင့်အတန်းမီပြပွဲတစ်ခုဖြစ်ပြီး အခုလိုပြပွဲမျိုးဟာ စားသောက်ကုန်နဲ့ ဟိုတယ်လုပ်ငန်းတွေအတွက် အရေးပါတဲ့ ပြပွဲတစ်ခုဖြစ်လာခဲ့ပါပြီ။

IMG_0046

အဲဒီပြပွဲမှာ မြန်မာနိုင်ငံကစားသောက်ကုန်တွေအပြင် ပြည်ပကတင်သွင်းတဲ့ စားသောက်ကုန်တွေကိုပါ မြည်းစမ်းလို့ရသလို ဝယ်ယူလို့လည်းရပါတယ်။

IMG_0048

ကောက်ညှင်းပေါင်း၊ အကြော်၊ ဟင်းထုပ်၊ တို့ဖူးနွေးစတဲ့ အစားအစာတွေအပြင် အာလူးကြော်၊ အမည်းသား၊ ဘဲသား ၊ ခေါက်ဆွဲ စတာတွေကိုလည်း မြည်းစမ်းလို့ရသလို နိုင်ငံခြားဖြစ် မုန့်အမျိုးမျိုးနဲ့ စားသောက်ကုန်တွေလည်း ပါဝင်ပြသထားပါတယ်။

IMG_0036

အစားအစာတွေကို ချက်ချင်းချက်ပြုတ်ပြီး ကျက်ပြီဆိုတာနဲ့ လာရောက်ကြည့်ရှု့တဲ့သူတွေကို အခမဲ့မြည်းကြည့်လို့ရပါတယ်။

IMG_0037

IMG_0010

ကုန်စည်ပြပွဲတစ်ခုဖြစ်တာကြောင့် သိလိုသမျှကိုလည်း စိတ်တိုင်းကျမေးမြန်းနိုင်ပြီး ဈေးလျှော့ပေးတဲ့ Promotion တွေလည်းပါဝင်ပါတယ်။

IMG_0041
IMG_0035

ပရိဘောဂပစ္စည်းတွေ၊ ဟိုတယ်လုပ်ငန်းသုံး ကုန်ပစ္စည်းတွေအပြင် ၊ အိမ်မှာအသုံးပြုလို့ရတဲ့ ကုန်ပစ္စည်းတွေကိုလည်း တစ်နေရာတည်းမှာ အစုံအလင်နဲ့ ကြည့်ရှုလို့ရပါတယ်။

IMG_0005

ကော်ဖီ၊လက်ဖက်ရည်၊ဝိုင်၊ဘီယာစတဲ့ သောက်စရာအမျိုးမျိုးကိုလည်း ပါဝင်ပြသထားပြီး အဲဒါတွေကိုလည်း စိတ်တိုင်းကျ မြည်းစမ်းလို့ရပါတယ်။

IMG_0029
IMG_0026

မြန်မာ့အကြီးဆုံး နိုင်ငံတကာ စားသောက်ကုန် နှင့် ဟိုတယ်လုပ်ငန်းများဆိုင်ရာ ကုန်ပစ္စည်းပြပွဲကြီးဖြစ်ပြီး နိုင်ငံပေါင်း (25)မှ ကုန်ပစ္စည်းပေါင်း (350)ကျော်ကို ပြသထားသလို ဟင်းချက်ပြိုင်ပွဲတွေနဲ့ ဟိုတယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာ ပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။