ဒီနေ့ခေတ်မှာ အရွယ်တင်နုပျိုဖို့ ခေတ်မီ နည်းပညာတွေ အများအပြားအသုံးပြုလာကြပါတယ်။ Plastic Surgeon လုပ်တာတွေကလည်း အရမ်းကို ခေတ်စားနေတာပါ။ ဒါပေမဲ့လည်း သဘာဝကပေးတဲ့ အလှတရားအပေါ် တန်ဖိုးထားတဲ့သူတွေလည်းရှိနေပါသေးတယ်။

အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့အရေးကြောင်းတွေကို သက်သာစေဖို့ ကြက်ဥကိုအသုံးပြုပြီး သဘာဝနည်းအတိုင်း ပေါင်းတင်နိုင်ပါတယ်။

itemeditorimage_580fe3f8d2af8

ပါဝင်ပစ္စည်း

ကြက်ဥ အကာ ၁ လုံး

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁/၂

egg-white-face-mask-with-lemon-for-oily-and-acne-skin

ပြင်ဆင်ခြင်း

ကြက်ဥအကာကို ခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေပေးပါ။

အဲဒီနောက် သံပုယိုသီးရည်ကိုထည့်ပြီး နောက်ထပ် မိနစ်အနည်းငယ်လောက် မွှေပေးပါ။

egg-white-face-mask-for-radiant-skin

ပြုလုပ်နည်း

မျက်နှာပေါ်မလိမ်းခင် မျက်နှာသစ်ပါ။ လည်ပင်းကိုလည်း ရေနဲ့ ဆေးပေးပါ။

အဲဒီနောက် လက်ကိုလည်း စင်ကြယ်အောင်ဆေးပါ။ အစောပိုင်းက လုပ်ထားတဲ့ ကြက်ဥအကာနဲ့ သံပုယိုရည်အရောကို မျက်နှာပေါ်မှာ ညင်ညင်သာသာလေး ပွတ်လိမ်းပေးပါ။ အဲဒီနောက် ၅ မိနစ်ကနေ ၁၀ မိနစ်ထိထားပါ။

ရေနွေး (သို့) ရေအေးနဲ့ မျက်နှာသစ်ပါ။

နောက်ဆုံးမှာတော့ မိမိကြိုက်နှစ်သက်တဲ့ Moisturizer ကိုလိမ်းလို့ရပါပြီ။

တစ်ပတ်ကို ၃ ကြိမ် ၄ ကြိမ်လောက်ပြုလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ သံသယမဖြစ်လိုက်ပါနဲ့နော်။ အံ့အားသင့်စရာကောင်းတဲ့ အကျိုးရလဒ်တွေကို ရရှိနိုင်ကြပါစေ။