3Days Diet Plan ရဲ့ နောက်ဆုံးရက်ပါ။ ၂ရက်စလုံးကို ကျော်ဖြတ်ခဲ့ပြီဆိုရင်တော့ သင်ဟာ ဇွဲကောင်းသူ အဖြစ်နဲ့ သတ်မှတ်ရပါမယ်။ ဒီနေ့မှ စပြီး ဒီ အစီအစဉ်လေး အကြောင်းကို စဖတ်မိမယ် ဆိုရင်တော့ အသေးစိတ်တွေကို ပြန်ဖတ်ပေးဖို့ လိုပါတယ်။ ၃ရက်အတွင်းစားရမယ့် အသေးစိတ်ကိုတော့ အရင်ဦးဆုံး ပြန်ပြောပြပေးပါမယ်။ အဓိကကတော့ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀ အတွင်း စားပေးရမယ့် အစီအစဉ်ပါပဲ။

သုံးရက်အတွင်း စားရမယ့် အရာတွေရဲ့ အကျဉ်းချုပ်ကတော့

ပရိုတင်း
– တူနာငါး ၂ဘူး
– Cheddar Cheese
– ဟော့ဒေါ့ (အသားတွေရောပြီး လုပ်ထားတာတွေနဲ့ အခြားအရာတွေနဲ့ တွဲစားတာတွေ မရပါဘူး)
– Cottage Cheese
– အသား (ပင်လယ်စာ၊ ၀က်သား(အဆီမပါတာ)၊ အမဲသား နဲ့ ကြိုက်နှစ်သက်တဲ့အသား)
– မြေပဲထောပတ်

ကာဗွန်ဟိုက်ဒြိတ်
– ပေါင်မုန့်ညို
– ခရက်ကာ (Saltine or Plain)

အသီးနဲ့ ဟင်းသီးဟင်းရွက်
– စပျစ်သီး
– ပဲသီးစိမ်း
– ပန်းပွင့်စိမ်း
– မုန်လာဥနီ
– ငှက်ပျောသီး
– ပန်းသီးအသေး

သောက်ရမယ့် အရည်
– ကော်ဖီကြမ်းနဲ့ ရေ

အခြား သရေစာ
– Vanilla Ice Cream

သောက်လို့ရတဲ့ အရည်များ
– ကော်ဖီကြမ်း ဒါမှမဟုတ် Green Tea ကို ပထမရက်ရဲ့ ၂နပ်မှာပဲ သောက်ပါ။ သကြားနဲ့ နို့မထည့်ပါနဲ့
– ရေကတော့ အဓိကပါ။ ဘယ်လို သောက်ရမလဲဆိုရင် ကိုယ်ရဲ့ အလေးချိန်ရဲ့ တစ်ဝက်ကို သောက်ရပါမယ်။ သင်ဟာ ပေါင် ၁၆၀ ရှိရင် တစ်ဝက်ဖြစ်တဲ့ ၈၀ အောင်စ သောက်ရပါမယ်။
၈၀အောင်စဆိုတာ ၂.၅ လီတာပါ။ အဲ့ဒီတော့ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၂-၃ လီတာကြား သောက်ကြရပါမယ်။
– သကြားမပါတဲ့ ချောကလက်အပူ သောက်လို့ ရပါတယ်။ ဒီ Plan မှာ နို့မသောက်ရပါဘူး။

မနက်စာ (နောက်ဆုံးရက်)

day3_breakfast
မနက်စာကို ကယ်လိုရီ 369 ပြည့်အောင် စားပေးရပါမယ်။
– Saltline Crackers ၅ချပ်
– Cheddar Cheese ၁ချပ်
– ပန်းသီးအသေး တစ်လုံး
– ရေ

 

နေ့လည်စာ (နောက်ဆုံးရက်)

day3_lunch
နေ့လည်စာကတော့ ၁၃၂ ကယ်လိုရီ ရှိပါတယ်။
– ကြက်ဥပြုတ် တစ်လုံး
– ပေါင်မုန့်တစ်ချပ်
– ရေ

ညစာ (နောက်ဆုံးရက်)

day3_dinner
၃ရက်ရဲ့ နောက်ဆုံးညစာကတော့ 342 ကယ်လိုရီ စားရပါမယ်။
Diet Plan တွေထဲမှာ သဘောအကျဆုံး ညစာပါပဲ။ ရေခဲမုန့်ပါတယ် အသားပါတယ် ကဲ ဘာလိုဦးမလဲ
– တူနာ တစ်ခွက်
– ငှက်ပျောသီး တစ်ပိုင်း
– ရေခဲမုန့် ခွက်တစ်ဝက်
– ရေ

ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေအကတော့ လမ်းလျှောက်ပါ။ ပြေးပါ။ ရေကူးပါ၊ ကြိုးခုန်ပါ၊ လမ်းလျှောက်စက်သုံးပြီး လေ့ကျင့်ခန်းလုပ်ပါ။ တစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှု မရှိရင်တော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။

ဒီ Diet Plan ပြီးသွားခဲ့ရင် ဆက်တိုက် မလုပ်ရပါဘူး ၄ရက်နားရပါမယ်။ ပြီးမှ ပြန်စပါ။ ဒီလို plan တွေ မလုပ်ချင်ရင်တော့ တစ်နေ့တာ စားမယ့် ကယ်လိုရီကို တွက်ပြီးတော့ စားပေးပါ။ ကျန်းမာစေပြီး ကိုယ်အလေးချိန် ထိန်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကယ်လိုရီ တွက်ချက်ဖို့ အတွက် မျှဝေပေးပါဦးမယ်။ အားလုံးပဲ ကျန်းမာကြပါစေ။

Day 2 : https://myfoodmyanmar.com/lose-up-to-10-pounds-in-3-days-day-two/
Day 1: https://myfoodmyanmar.com/lose-up-to-10-pounds-in-3-days-day-one/
Summary: https://myfoodmyanmar.com/lose-up-to-10-pounds-in-3-days-on-the-3-day-diet/