3 Days Diet Plan ဒုတိယရက်ပါ။ ဒီ Plan ဟာ ပေါ့ပေါ့ပါးပါးနဲ့ လုပ်ရတာမို့ အားလုံး ပထမရက်ကို ကျော်ဖြတ်နိုင်ကြမယ်လို့ ထင်ပါတယ်။ ၃ရက်အတွင်း စားရမယ့် အစားအစာတွေရဲ့ အကျဉ်းချုပ်ကို ပြန်ပြောပေးပါမယ်။ ပထမရက်မှာ ခေါင်းအနည်းငယ်ကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အစားအစာတွေကို မြင်နေရတဲ့ အခါ စားချင်စိတ် ဖြစ်ပေါ်လာစေတဲ့ စိတ်က အတော် ဒုက္ခပေးပါလိမ့်မယ်။

မပူပါနဲ့ အခု သင်စားနေတဲ့ အရာတွေက တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လိုရီကို တွက်ချက်ပြီး စားတာဖြစ်လို့ ပိုကျန်းမာစေမယ့် အရာတွေကို စားနေတယ်လို့ စိတ်ထဲ ပြန်တွေးပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀ အထက် ဖြစ်သွားရင် အဆီပိုတွေ စုပြီး ၀လာစေပါတယ်။ ကဲ ဒုတိယရက်ကို သွားလိုက်ကြရအောင်ပါ.

သုံးရက်အတွင်း စားရမယ့် အရာတွေရဲ့ အကျဉ်းချုပ်ကတော့

ပရိုတင်း

  • တူနာငါး ၂ဘူး၊ Cheddar Cheese
  • ဟော့ဒေါ့ (အသားတွေရောပြီး လုပ်ထားတာတွေနဲ့ အခြားအရာတွေနဲ့ တွဲစားတာတွေ မရပါဘူး)
  • Cottage Cheese၊ မြေပဲထောပတ်
  • အသား (ပင်လယ်စာ၊ ၀က်သား(အဆီမပါတာ)၊ အမဲသား နဲ့ ကြိုက်နှစ်သက်တဲ့အသား)

ကာဗွန်ဟိုက်ဒြိတ်

  • ပေါင်မုန့်ညို
  • ခရက်ကာ (Saltine or Plain)

အသီးနဲ့ ဟင်းသီးဟင်းရွက်

  • စပျစ်သီး၊ ပဲသီးစိမ်း၊ ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ငှက်ပျောသီး၊ ပန်းသီးအသေး

သောက်ရမယ့် အရည်

– ကော်ဖီကြမ်းနဲ့ ရေ

အခြား သရေစာ

– Vanilla Ice Cream

သောက်လို့ရတဲ့ အရည်များ

ကော်ဖီကြမ်း ဒါမှမဟုတ် Green Tea ကို ပထမရက်ရဲ့ ၂နပ်မှာပဲ သောက်ပါ။ သကြားနဲ့ နို့မထည့်ပါနဲရကတော့ အဓိကပါ။ ဘယ်လို သောက်ရမလဲဆိုရင် ကိုယ်ရဲ့ အလေးချိန်ရဲ့ တစ်ဝက်ကို သောက်ရပါမယ်။ သင်ဟာ ပေါင် ၁၆၀ ရှိရင် တစ်ဝက်ဖြစ်တဲ့ ၈၀ အောင်စ သောက်ရပါမယ်။ ၈၀အောင်စဆိုတာ ၂.၅ လီတာပါ။ အဲ့ဒီတော့ ပျှမ်းမျှအားဖြင့် တစ်နေ့ကို ၂-၃ လီတာကြား သောက်ကြရပါမယ်။

– သကြားမပါတဲ့ ချောကလက်အပူ သောက်လို့ ရပါတယ်။ ဒီ Plan မှာ နို့မသောက်ရပါဘူး။

မနက်စာ (ဒုတိယရက်)

day2_breakfast

182 ကယ်လိုရီပဲ စားရပါမယ်။

  • ကြက်ဥ တစ်လုံး (ကြော်စား၊ ပြုတ်စား ရပါတယ်)
  • ပေါင်မုန့်တစ်ချပ်
  • ငှက်ပျောသီး တစ်ပိုင်း
  • ရေ

နေ့လည်စာ (ဒုတိယရက်)

day2_lunch
297 ကယ်လိုရီပဲ ရှိပါတယ်။

  • Cottage Cheese တစ်ခွက် ဒါမှမဟုတ် Cheddar Cheese ၂ အောင်စ
  • ကြက်ဥပြုတ် တစ်လုံး
  • Saltine Crackers ၅ချပ်
  • ရေ

ညစာ (ဒုတိယရက်)

day2_dinner
660 ကယ်လိုရီ စားရပါမယ်။

  • ဟော့ဒေါ့နှစ်ချောင်း
  • ပန်းပွင့်စိမ်း လက်သီးဆုပ်စာ
  • မုန်လာဥနီ တစ်ပိုင်း
  • ငှက်ပျောသီး တစ်ပိုင်း
  • ရေခဲမုန့် ခွက်တစ်ဝက်၊ ရေ

ပြုလုပ်ရမယ့် လေ့ကျင့်ခန်းတွေကတော့ လမ်းလျှောက်ပါ။ ပြေးပါ။ ရေကူးပါ၊ ကြိုးခုန်ပါ၊ လမ်းလျှောက်စက်သုံးပြီး လေ့ကျင့်ခန်းလုပ်ပါ။ တစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှု မရှိရင်တော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။