Tips & Stories | ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

လေ့ကျင့်ခန်းမလုပ်ဘဲ အလွယ်တကူဝိတ်လျှော့နည်းများ

August 6, 2016

လေ့ကျင့်ခန်းမလုပ်ဘဲ အလွယ်တကူဝိတ်လျှော့နည်းများ

Share this on:

လေ့ကျင့်ခန်းလုပ်ပြီး အဆီချမယ်ဆိုရင် တစ်ချို့လူတွေက စိတ် သိပ်မပါကြပါဘူး။ အဲဒီတော့ လေ့ကျင့်ခန်းမလုပ်ပဲ အလေးချိန် ကျစေနိုင်တဲ့ နည်းလမ်းကို Shwemom ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ အချက်တွေ အကုန်လုံး လိုက်နာဖို့တော့ လိုပါတယ်။

(၁) ကိုယ်အလေးချိန်ကို မျက်ခြေမပြတ်ပါစေနဲ့

အဓိကအချက်ကတော့ ကိုယ်အလေးချိန်ပါဘဲ။ နောက်တစ်ချက်က ကိုယ့်ကိုယ်ကို ၀နေတယ်၊ အဆီပိုတွေ တက်နေတယ်- ၀ိတ်ချဖို့လိုအပ်တယ်ဆိုတာကို ကိုယ်တိုင် တွက်ဆဖို့လိုပါတယ်။ ဒါမှလည်း ဘသူမှ မခိုင်းဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့လုပ်ခြင်းမို့ ပိုပြီး အဆီကျလွယ်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါတော့ ကိုယ်အလေးချိန်ကို ချိန်ပါ။ စနစ်တကျ မှတ်ထားပါ။

(၂) အစားအစာ အစီအစဉ်

2

အစားအစာအစီအစဉ်ရေးဆွဲရာမှာလည်း ကိုယ်စားချင်တဲ့ အစာထက်၊ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်တဲ့ အစာကို ဦးစားပေးစားဖို့ လိုပါတယ်။ ဒါမှလည်း မလိုအပ်တဲ့ ကယ်လိုရီတွေကို အလိုလျှောက်တားမြစ်ပေးရာ ရောက်ပြီး၊ ကိုလက်စထရောနဲ့ အဆီဓာတ်ကိုလည်း အတိုင်းအတာတစ်ခုအထိသာ ၀င်ရောက်စေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မသန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားနိုင်တဲ့ အစားအစာမျိုးကို ရှောင်ဖို့ လိုပါတယ်။

(၃) စိတ်ဖိအားမှန်သမျှ လျှော့ချပါ

စိတ်ဖိအားဒဏ် ခံရတဲ့လူတွေဟာ ပိုပြီး ၀လေ့ရှိပါတယ်။ အဓိကကတော့ အစားအစာကြောင့်လို့ ဆိုပေမယ့် အချို့ဆိုရင် တစ်နေ့မှ တစ်ထပ်လောက်သာ ကောင်းကောင်းစားတဲ့သူတွေသည်ပင်လျှင် အလွန် ၀နေတာမျိုး ရှိတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် စိတ်ဖိအားကို စနစ်တကျ မကုသခြင်းကြောင့် ဖြစ်ပါတယ်။ စိတ်ဖိအားကို အမြန်ပြေပျောက်စေနိုင်တာကတော့ ရယ်မောခြင်းဖြစ်လို့ တစ်နေ့တာအစီအစဉ်တွေထဲမှာ အားရပါးရရယ်ရန်-ဆိုတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းသင့်ပါတယ်။

(၄) ရေဓာတ်

3

ရေဓာတ်ကုန်ခမ်းခြင်းကလည်း အစာခြေစနစ်နဲ့ ဆီးလမ်းကြောင်းကျန်းမာမှုကို ထိခိုက်စေလို့ ၀ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ရေများများ သောက်ဖို့ လိုပါတယ်။ ရေဓာတ်အားကောင်းနေသမျှ ၀မ်းလည်းမှန်မယ်၊ ဆီးလည်းမှန်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အလိုအလျှောက် တုန့်ပြန်စွမ်းအားတွေဟာ မလိုအပ်တဲ့ ကယ်လိုရီ၊ ကိုလက်စထရောနဲ့ အခြားအဆိပ်အတောက်ဖြစ်စေ
မယ့် အရားတွေကို ပုံမှန်လျှော့ချပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

5 (2 Votes)