ဒီတစ်ခါမှာတော့ အမြဲတမ်း ဟင်းနဲ့ ထမင်းဘဲ စားနေရတဲ့ကလေးတွေအတွက် အသစ်အဆန်းဖြစ်သွားအောင် နေ့လည်စာအဖြစ် ဟမ်ဘာဂါကို အိမ်မှာ ကိုယ်တိုင်လုပ်ပြီး ထည့်ပေးလိုက်ရအောင်။

အပြင်မှာလည်း ၀ယ်လို့ရပေမယ့် သန့်ရှင်းပြီး အဟာရ အပြည့်ရရှိမယ့် ဟမ်ဘာဂါလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

DSC09515

ပါဝင်ပစ္စည်းများ

ဝက်သား ၂၀၀ ဂရမ် (နုတ်နုတ်စဉ်းထားပါ။)

ဟမ်ဘာဂါ ပေါင်မုန့် ၂လုံး

ခရမ်းချဉ်သီး ပါးပါးလှီး

သခွားသီး ပါးပါးလှီး

ချိစ်

ကြက်ဥ

ဆလပ်ရွက်

ထောပတ်

Mayonaise

ဆား

လိမ္မော်သီး

MILO

 

ပြုလုပ်နည်း

DSC09545

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ပြီးရင် ထောပတ် ၁ဇွန်းကို ဒယ်အိုးထဲထည့်ပြီး ဒယ်အိုးမှာ ထောပတ်ဆီတွေ နှံ့သွားအောင် မွှေပါ။

နုတ်နုတ်စဉ်းထားတဲ့ ၀က်သားကို အပြားလိုက်ဖြစ်အောင် လုပ်ပြီး ဒယ်အိုးထဲမှာ ကြော်ပါ။

DSC09553

ကြက်ဥကို အ၀ိုင်းလိုက်လေးဖြစ်အောင် ပုံစံခွက်ထဲထည့်ပြီး ကြော်ပါ။

DSC09565

ဟမ်ဘာဂါလုပ်တဲ့ ပေါင်မုန့်ကို တစ်ဝက်ပိုင်းပါ။

ပြီးနောက် ပေါင်မုန့်ကို ထောပတ်သုတ်ပါ။ ၀က်သားပြားကိုထည့်ပါ။ ချီစ်ထည့်ပါ။ သခွားသီး၊ ခရမ်းချဉ်သီးတို့ကို ထည့်ပါ။ ဆလပ်ရွက်ထည့်ပါ။ ကြက်ဥကြော် ထည့်ပါ။

DSC09579

လိမ္မော်သီး

DSC09597

ကလေးတွေကို ဗီတာမင်ဓာတ်တွေလည်း ရရှိဖို့ အနည်းဆုံး အသီးအနှံတစ်မျိုးကို ထည့်ပေးသင့်ပါတယ်။ ဒီမှာတော့ လိမ္မော်သီး ထည့်ပေးထားပါတယ်။ လိမ္မော်သီးအခွံကို ပန်းပွင့်ပုံစံ ဖော်ထားပါတယ်။

DSC09605

MILO

DSC09537

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILO က ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။