ကျောင်းနေပျော်မှစာတော်မှာဖြစ်သလို ကျောင်းနေပျော်ဖို့အတွက် ကလေးတွေရဲ့ အဟာရဓါတ်ကလည်း အရေးပါတယ်နော်။ အဟာရပြည့်ဝတဲ့နေ့လည်စာကိုထည့်ပေးပြီး ကလေးတွေလည်းစားချင်စိတ်ဖြစ်လာဖို့အတွက် ချစ်စဖွယ်ထမင်းဘူးလေးကို ပြင်ဆင်ပေးပြီး ချစ်ခြင်းမေတ္တာကို ရယူလိုက်ရအောင်ပါ။

ထမင်းကြော်နဲ့ ကြက်ဥ (ကလေးတို့အတွက် အဟာရအင်အားပြည့်ဝတဲ့ နေ့လည်စာ)

ဒီတစ်ခေါက်တော့ သားသားမီးမီးတို့အတွက် ကြက်သားထမင်းကြော်နဲ့ ကြက်ဥ ထည့်ပေးလိုက်ရအောင်နော်။ ကလေးတွေရဲ့ စားချင်စိတ်ကို ဖမ်းစားနိုင်ပြီး နေ့လည်စာကို မြိန်ရေယှက်ရေ စားသုံးနိုင်ဖို့ အဟာရပြည့်ဝတဲ့ အစားအစာကိုနေ့လည်စာအဖြစ် ထည့်ပေးလိုက်ရအောင်ပါ။

DSC08466

ကြက်သား ထမင်းကြော် နဲ့ ကြက်ဥ

မနက်ခင်းဆိုရင် ကလေးတွေကျောင်းသွားဖို့အတွက် ပြင်ရဆင်ရ ချက်ပြုတ်ရနဲ့ အိမ်ထောင်ရှင်မိခင်တွေ အလှုပ်ရှုပ်နေမယ်ဆိုတာ သေချာပါတယ်။ ဒီတော့ အလွယ်တကူလည်း ကြော်လို့ရပြီး အဟာရလည်းရှိစေတဲ့ ကြက်သားထမင်းကြော်ကိုမျှဝေပေးချင်ပါတယ်။

ထမင်းကို မပျော့အောင်အနေတော်လေးချက်ပြီး အအေးခံထားပါ။ ပြီးရင် ဟင်းသီးဟင်းရွက်တွေကို ပါးပါးလှီးထားပါ။

DSC08498

ပြုလုပ်နည်း

ကြက်သားကြော်

ကြိတ်ထားတဲ့ ကြက်သားကို ဆီနည်းနည်း၊ ကြက်သွန်ဖြူနဲ့ အရင်ကြော်ပါမယ်။

DSC08810

ထမင်းကြော်

ပြီးရင်တော့ စောစောကကိုလှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ထည့်ပြီးကြော်ပေးပါ။ အဲဒီနောက် ထမင်းထည့်ပါ။ ဆား အနည်းငယ်ထည့် မွှေပါ။ မီးကိုအရှိန်နည်းနည်း ပြန်မြှင့်ပြီး ၂ မိနစ် ၃ မိနစ်ခန့်ထပ်မွှေပေးပါ။ ရပြီဆိုရင် နောက်ဆုံး ငရုတ်ကောင်းမှုန့် နည်းနည်းဖြူးလိုက်ပါ။ ကဲရပါပြီနော်။

ထမင်းကြော်မှာ ကလေးတွေအတွက်လိုအပ်တဲ့အဟာရဓါတ်တွေရအောင် အသီးအရွက်ကို များများထည့်ထားတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။

DSC08512

ကြက်ဥကြော်

ကြက်သားထမင်းကြော်နဲ့ တွဲစားဖို့ ကြက်ဥ မကျက်တကျက်လေး ကြော်လိုက်ရအောင်။ ကလေးတွေ စိတ်ဝင်စားပြီး စားချင်စဖွယ်ဖြစ်အောင် ကြက်ဥ မကျက်တကျက်ကို အသည်းပုံစံလေးဖြစ်အောင် ဆီလေးနဲ့ ကြော်ပေးပါ။

DSC08527

ချီစ် ပြား (Cheese)

ချီစ် ပြား လေးကို ကြယ်ပုံစံလေး ဖြတ်ပြီးတော့ ကြက်ဥကြော်ပေါ်မှာ မျက်လုံးပုံစံလေး ဖြစ်အောင် တင်ပေးပါ။ ဒါဆိုရင်တော့ ကြက်ဥ အလယ်က အနှစ်ဖြစ်ပြီး ချီစ် ပြား (cheese)လေးတွေကို မျက်လုံးပုံစံဖြစ်ကာ ချစ်ဖို့ ကောင်းနေမှာဖြစ်ပါတယ်။

 

သစ်သီး

DSC08555 copy

အိမ်မှာရှိတဲ့ သစ်သီးတစ်မျိုးမျိုးထည့်ပေးနိုင်ပါတယ်။ သစ်သီးတွေမှာ အဆီဓါတ်အနည်းငယ်သာပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ ဗီတာမင် C လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်အက်ဆစ်လည်းပါဝင်လို့ ကျန်းမာရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။

ဒီအထဲမှာတော့ ပန်းသီးကို သုံးထားပါတယ်။ ကလေးတွေ စားချင်စဖွယ်ဖြစ်အောင်လည်း အသီးလေးကို လှလှလေး လှီးထည့်ပေးပါ။

MILO - Fried Rice

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ မိုင်လိုက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။