ကလေးတွေရဲ့ နေ့လည်စာကို ကြက်သား ကော်ပြန့်စိမ်းလေးနဲ့ ပြင်ဆင်ပေးလိုက်ကြရအောင်။ ကော်ပြန့်စိမ်းမှာ ကြက်သားရော၊ အသီးအရွက်တွေရောပါ ပါဝင်တာကြောင့် ကလေးတွေအတွက် အဟာရပြည့်ဝတဲ့ နေ့လယ်စာဖြစ်ပါတယ်။

IMG_7114

ပါဝင်ပစ္စည်းများ

ကော်ပြန့်ရွက်

ကြက်သား

ပဲပင်ပေါက်

ပဲပြား

ပဲငံပြာရည်

ကြက်သွန်မြိတ်
မုန်လာဥနီ

ကြက်သွန်ဖြူ

ဂေါ်ဖီ

ဆီ

ဆား

ခရုဆီ

သစ်တော်သီး

MILO

 

ချက်ပြုတ်နည်း

IMG_7133

အရင်ဆုံး ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဆီ အနည်းငယ်ထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီး ဆီသပ်လိုက်ပါ။

တောက်တောက်စဉ်းထားတဲ့ ကြက်သားကို ဒယ်အိုးထဲထည့်ပြီး ကြော်လိုက်ပါ။

IMG_7136

ဂေါ်ဖီထည့် ကြော်ပါ။ ပဲပင်ပေါက်၊ မုန်လာဥနီ တို့ကို ထည့်ကြော်ပါ။ ကြက်သွန်မြိတ် ကိုထည့်ကြော်ပြီး ပဲငံပြာရည်၊ ခရုဆီတို့ကို ထည့်ပါ။ အရသာ အပေါ့အငန်အပေါ်မူတည်ပြီး ဆား အနည်းငယ် ထည့်ပေးပါ။

IMG_7142

ကြော်ထားတဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို ကော်ပြန့်ရွက်ထဲ ထည့်လိပ်ပေးပါ။ လိပ်ထားတဲ့ ကော်ပြန့်စိမ်းလေးကို ထမင်းပေါင်းအိုးထဲထည့်ပြီး အချိန် အနည်းငယ်လောက် ပေါင်းပေးပါ။ ဒါမှ ကော်ပြန့်စိမ်းလေးက နူးညံ့ ပျော့ပြောင်းသွားမှာဖြစ်ပါတယ်။

IMG_7149

လိပ်ထားတဲ့ ကော်ပြန့်စိမ်းကို ကလေး ပါးစပ်အနေအထားနဲ့ အဆင်ပြေအောင် အတုံးလေးတွေ တုံးပေးပါ။

 

သစ်တော်သီးကို ပုံဖော်မယ်

IMG_7160

သစ်တော်သီးကို အရင်ဆုံး တစ်ခြမ်း လှီးလိုက်ပါ။ တစ်ခြမ်းရဲ့ တစ်ဝက်လောက်ကို ဓားနဲ့ ခြမ်းလိုက်ပါ။ အဲ့ဒီအပိုင်းကိုဘဲ ၃ စိတ် စိပ်လိုက်ပါ။ အရှေ့က ကျန်ခဲ့တဲ့ အပိုင်းမှာ ထိပ်ဆုံးနားမှာ တြိဂံပုံ လှီးလိုက်ပါ။ ဒါဆိုရင် ငါးရဲ့ ခေါင်းရသွားမှာဖြစ်ပြီး ခုနက လှီးထားတဲ့ ၃ စိတ်ကို ပြောင်းပြန်လှန်လိုက်ပါ။ ကြိဂံပုံစံလေးကို အမြီးအဖြစ် ထားလိုက်ပါ။ ပုံစံ မပျက်သွားအောင် သွားကြားထိုးတံလေးနဲ့ ထိုးပြီး ထိန်းထားလို့ရပါတယ်။

IMG_7176

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။