ကလေးတွေ နေ့လယ်စာ စားချင်စိတ်တွေ ဖြစ်ပေါ်လာအောင် သူတို့ ကြိုက်တတ်တဲ့ ငါးဖယ်ကြော်လေးကို Babycorn လေးနဲ့ မုန်လာဥနီတို့နဲ့ ပေါင်းကြော်ကာ ထည့်ပေးလိုက်ကြရအောင်။

IMG_7182-1 (dragged)

ပါဝင်ပစ္စည်းများ

ငါးဖယ်

မုန်လာဥနီ

Baby corn

ဆလပ်ရွက်

ဆား

ဆီ

ထမင်း

လိမ္မော်သီး

MILO

 

ဟင်းချက်နည်း

IMG_7197

အရင်ဆုံး ငါးဖယ်ကို ထောင်းပြီး ဆားနဲ့ နယ်ထားပါ။ Babycorn ကို အလယ်မှာထားကာ ငါးဖယ်ကို လုံးပါ။ Lollipop ငါးဖယ်လုံးလိုမျိုးဖြစ်အောင် မုန်လာဥနီရဲ့ ထိပ်ပိုင်းလေးကို ငါးဖယ်ထဲထမှာထည့်ပြီး လုံးပါ။

ထမင်းနဲ့ ငါးဖယ်ကြော် (ကလေးတို့အတွက် အဟာရ အင်အားပြည့်ဝတဲ့ နေ့လည်စာ)

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီ အနည်းငယ်ထည့်ပါ။ ဆီ ပူလာရင် ခုနက Babycorn တွေ မုန်လာဥအနီတွေ ထည့်ပြီးလုံးထားတဲ့ ငါးဖယ်လေးတွေကို ထည့်ကြော်ပါ။

IMG_7218

လိမ္မော်သီးကို ပုံဖော်မယ်

လိမ္မော်သီးကို ခရုပုံစံ ဖြစ်အောင် ပုံဖော်ပါမယ်။ Turbo ဆိုတဲ့ ကာတွန်းကားထဲကပုံစံအတိုင်း ဖော်ရအောင်။ လိမ္မော်သီးရဲ့ အဆုံး နှစ်ဖက်ကို ၁လက်မလောက် အ၀ိုင်းလေးတွေ လှီးလိုက်ပါ။ ထိပ်ပိုင်းမှာ နားရွက်လေး ၂ ခုရအောင် အခုံးလေး ၂ ဖက် ဖြစ်အောင် လှီးပါ။

 

နားရွက် အခုံးလေးရဲ့ အပေါ်ဘက်မှာ ၁ လက်မလောက် အနားအ၀ိုင်းလေး လုပ်ပြီး လှီးထုတ်လိုက်ရင် အမြီးပုံစံ ရပါလိမ့်မယ်။ ဘောပင်လေးနဲ့ လိမ္မော်သီး အခွံပေါ်မှာ မျက်လုံးလေးတွေ ပါးစပ်လေးတွေ ထည့်လို့ရပါတယ်။

IMG_7226

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။