အလုပ်ရှုပ်တဲ့ မိခင်တွေအတွက် အလွယ်တကူ အဟာရ ပြည့်ဝတဲ့နေ့လယ်စာလေးအဖြစ် ပြင်ဆင်ပေးနိုင်မယ့် ထမင်းနဲ့ကြက်ဥ Minions ကြော်လေးကို နေ့လည်စာအဖြစ် ထည့်ပေးလိုက်ကြရအောင်။

ကလေးတွေရဲ့ အသည်းစွဲ Minions လေးတွေကို ထမင်းချိုင့်မှာ ပုံဖော်ပြီးထည့်ပေးလိုက်ရင် ကလေးတွေရဲ့စားချင်စိတ်ကို ဆွဲဆောင်နိုင်မှာပါ။

DSC09006

ထမင်းနှင့် ကြက်ဥ Minions ကြော်အတွက် ပါဝင်ပစ္စည်းများ

ကြက်ဥ ၂လုံး

ခရမ်းချဉ်သီး အသေးမျိုး

ရေညှိ

ဆလပ်ရွက်

ဆီ

ထမင်း

ချီစ်အပြား ၁ ပြား

မုန်လာဥနီ

သခွားသီး

ဆား

MILO

DSC09032

ပြုလုပ်နည်း

ကြက်ဥကို Omelet ပုံစံ ကြော်ဖို့အတွက် ဆားနည်းနည်းထည့်ပြီး ကြက်ဥကို ခလောက်ထားပါ။ ပြီးနောက် ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်ပြီး ကြော်လိုက်ပါ။

Omelet ကြက်ဥကြော်မှာ သံဓာတ်၊ ကယ်ဆီယမ် နှင့် ဗီတာမင် အေတို့ပါဝင်ပါတယ်။

DSC09097

ထမင်းကို ကြယ်ပုံစံ၊ ကြောင်ပုံစံ စတဲ့ အရုပ်ပုံစံလေးများဖော်ဖို့ ဖော်တဲ့ခွက်ထဲကို ထည့်ပြီး ပုံဖော်လိုက်ပါ။ ထမင်းမှာတော့ သတ္တုဓာတ်၊ ဗီတာမင်၊ ကာဗိုဟိုင်ဒရိုတ်၊ ကယ်လိုရီ၊ ပရိုတင်း နှင့် အမိုင်နို အက်ဆစ်တို့ပါဝင်ပါတယ်။

DSC09132

Minions ပုံစံ ပုံဖော်မယ်

ရေညှိ နဲ့ ချီစ်ပြားကို ညှပ်ပြီး ကြက်ဥ Omelet ပေါ်မှာ Minions ပုံစံ ပုံဖော်မှာဖြစ်ပါတယ်။

ကြက်ဥ Omelet ကို ထမင်းဗူးထဲထည့်ပေးပါ။

Minions ရဲ့ အကျီ င်္ ပုံစံရဖို့ ရေညှိကို “H” ပုံစံလေးညှပ် ပေးပါ။

DSC09151

ပြီးနောက် Minions ရဲ့ မျက်လုံးပုံစံ ရဖို့အတွက် ချီးစ်ပြားကို ပုံစံကွက်လေးနဲ့ ပုံဖော်ပါ။

ကြက်ဥ Omelet ရဲ့ ကိုယ်ထည်ပိုင်းမှာ “H” ပုံစံ ညှပ်ထားတဲ့ ရေညှိပြားလေးကို တင်လိုက်ပါ။

DSC09157

မျက်လုံး ပုံစံဖော်ထားသည့် ချီစ် ပြားနဲ့ ရေညှိပြားကို ကြက်ဥပေါ်မှာ တင်လိုက်ရင် ချစ်စဖွယ်နဲ့ စကားများတဲ့ Minions ပုံလေးတွေ ပေါ်လာမှာဖြစ်ပါတယ်။

ထမင်းပုံဖော်ထားတဲ့ ထမင်းတွေကို ထမင်းဗူးထဲထည့်ပါ။ တစ်ဖက်မှာ မုန်လာဥနီနဲ့ သခွားသီး တို့ကိုထည့်ပေးပါ။ ခရမ်းချဉ်သီး အသေးလေးတွေကို ထမင်းပေါ်တင်ပေးရင် ချစ်စဖွယ် ထမင်းဗူးပေးရလာမှာပါ။

ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ သခွားသီး တို့မှာ ဗီတာမင် ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြေစေပါတယ်။

DSC09173

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

DSC08771

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။