ဒီတစ်ပတ်မှာ ကလေးတွေအတွက် ခါတိုင်း စားနေကျ ထမင်းနဲ့ ဟင်းပုံစံမျိုးမဟုတ်တော့ဘဲ အသီးအရွက် ခေါက်ဆွဲကြော် ထည့်ပေးလိုက်ကြရအောင်။

DSC09732

ပါဝင်ပစ္စည်း

ခေါက်ဆွဲ

မုန်လာဥနီ

ငရုတ်ပွသီး

ဂေါ်ဖီ

Babycorn

ကြက်ဥ

ဆား

ဆီ

ပဲငံပြာရည်

ချိစ်

သစ်တော်သီး

MILO

 

ချက်ပြုတ်နည်း

DSC09753

ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်လိုက်ပါ။ ဆီကျက်တဲ့အချိန်မှာ ငရုတ်ပွသီးကို ထည့်ပါ။ ငရုတ်ပွသီး အရောင် မတူတာ ၀ယ်ပြီးချက်ပေးရင် ပိုလှပါတယ်။ ငရုတ်ပွသီး အနည်းငယ်ကျက်ရင် ဂေါ်ဖီ ထည့်ပါ။ ပြီးရင် မုန်လာဥနီ ထည့်ပါ။ Babycorn ထည့်ပါ။

DSC09760

ပဲငံပြာရည် အနည်းငယ်ထည့်ပြီး မွှေပါ။ ဆားအနည်းငယ် ထည့်လိုက်ပါ။ ခေါက်ဆွဲ ထည့်ပြီး မွှေလိုက်ပါ။

ခေါက်ဆွဲ ကျက်ရင် ဒယ်အိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။

DSC09765

ကြက်ဥ ကို ပုံဖော်ရအောင်

DSC09788

ကလေးတွေရဲ့ နေ့လည်စားချင်စိတ်ကို ဖမ်းစားနိုင်ဖို့  ကြက်ဥကလေးကို ကြွက်ပုံစံ ပုံဖော်ကြရအောင်။

DSC09784

ကြက်ဥကို ဓားပါးပါးလေးနဲ့ နားရွက်နဲ့ နှာခေါင်းနေရာတွေကို အပေါက်ဖောက်လိုက်ပါ။ မျက်လုံးနေရာကိုလည်း အပေါက်ဖောက်လိုက်ပါ။ နှုတ်ခမ်းမွှေးနေရာကိုလည်း အပေါက်ဖောက်ပေးပါ။

မုန်လာဥနီကို ကြက်နားရွက်ပုံစံလေး လှီးပေးပါ။ နှာခေါင်းပုံစံလေး ပုံဖော်ပေးပါ။ နှုတ်ခမ်းမွှေးပုံစံ တပ်ဖို့ လှီးပေးပါ။

ပုံဖော်ထားတဲ့ မုန်လာဦနီ တို့ကို ခုနက အပေါက်ဖောက်ထားတဲ့ ကြက်ဥမှာ တပ်ပေးပါ။ မျက်လုံးနေရာမှာလည်း ဖရဲသီး နှစ်စေ့ ကိုထည့်ပေးပါ။ ကြက်ဥမှာ နှုတ်ခမ်းမွှေးတပ်မယ့်နေရာမှာ မုန်လာဥနီကို ကို ထည့်ပေးပါ။

ချီစ်ပြားကို အပေါက်လေးတွေ ဖော်ပေးပါ။

DSC09802

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။