မင်္ဂလာပါ မေမေတို့ရေ။ ကျောင်းမှာ ကလေးတွေစားဖို့ ချစ်စဖွယ်နဲ့ စားချင်စရာနေ့လည်စာ ထုပ်ပိုးပြင်ဆင်နိုင်ဖို့ MyFood Myanmar နဲ့ MILO တို့ ပူးပေါင်းပြီး မျှဝေပေးနေပါတယ်နော်။ ကျောင်းမှာရောင်းတဲ့ သရေစာမုန့်တွေကိုမစားဘဲ ကိုယ့်ထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးကို ကလေးတွေ လိုလိုချင်ချင်ဖွင့်စားဖို့အတွက် ဒီတစ်ခါမှာတော့ ရေငြိထမင်းလိပ်လေးထည့်ပေးဖို့အကြံပြုချင်ပါတယ်။

DSC08758
ရေညှိထမင်းလိပ်

  • ရေညှိထမင်းလိပ်အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကိုဝယ်ပါ။
  • လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
  • ရေညှိချပ် (အပြားကြီး)
  • ရှမ်းဆန် (သို့) ပေါ်ဆန်းမွှေး
  • ကြက်ဥ
  • ဆား
  • နမ်းဆီ
  • မုန်လာဥနီ
  • သခွားသီး

ပြုလုပ်နည်း

ထမင်းချက်ပြီးရင် နှမ်းနည်းနည်းဖြူပြီး ဆားကို သင့်ရုံထည့်ပြီးနယ်ထားပါ။ ပြီးရင် ဆီထည့်ပြီးနှယ်ပေးပါ။
ကြက်ဥကို ခလောက်ပြားပြားကျော်ပြီး အရှည်လိုက်လှီးပေးထားပါ။

DSC08829

DSC08839

DSC08860

မုန်လာဥနီ နဲ့ သခွားသီးကိုလည်းအရှည်လိုက်လှီးပါ။

DSC08867

DSC08880

DSC08892

ပြီးရင် ရေညှိထမင်းလိပ်လုပ်မယ့်ဖျာခင်းပြီး ရေညှိတင်ပါ။ ထမင်းကိုလည်း နည်းနည်းလေးဖြန့်ခင်းလိုက်ပါ။

DSC08912
ပြီးရင် ကြက်ဥ၊ မုန်လာဥနီ၊ သခွားသီး ဆလတ်ရွက် တို့ကို ထည့်ပါ။
ပြီးရင်တော့ ရေညှိထမင်းလိပ်လုပ်တဲ့ ဖျာကိုလိပ်လိုက်ပါ။

DSC08913

ရှည်ရှည်ဝိုင်းဝိုင်းလေးဖြစ်သွားရင် ဓါးနဲ့ ညီညီညာညာလေး လှီးဖြတ်ပေးပါ။

DSC08919
စားရတာလည်းလွယ်ကူပြီးအရသာလည်းရှိစေသလို ဗိုက်လည်းပြည့်စေပါတယ်။ ဒါ့အပြင် ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေကလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးအနှံနဲ့ ကြက်ဥကို သုံးထားတဲ့အတွက် ကလေးတို့အတွက်လိုအပ်တဲ့ အားအင်တွေကိုပေးစွမ်းနိုင်မှာပါ။

DSC08926
သစ်သီး

ပြီးရင်တော့ ပန်းသီး လိမ္မော်သီး စတဲ့ ရာသီစာ အသီးလေးတွေ လှီးပြီးထည့်ပေးပါ။ သစ်သီးတွေမှာ အဆီဓါတ်အနည်းငယ်သာပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေပါဝင်ပြီး ပိုတက်ဆီယမ်နဲ့ ဗီတာမင် C လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဖောလိတ်အက်ဆစ်လည်းပါဝင်လို့ ကျန်းမာရေးကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဒီအထဲမှာတော့ ပန်းသီးကို အသုံးပြုထားပါတယ်။ ကလေးတွေ စားချင်ဖွယ်ဖြစ်အောင် ပန်းသီးကို အခုလို ပုံစံ ဆန်းဆန်းလေး ဖြစ်အောင် လှီးထည့်ပေးပါ။

DSC08933

DSC08935

DSC08949

MILO

ဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ မိုင်လိုက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။