ပါဝင်ပစ္စည်းများ

  • ထောပတ်သီး – တစ်ခြမ်း (အသားများခြစ်ယူထားပါ)
  • နွားနို့ – ၁ ဇွန်း (စားပွဲဇွန်း)
  • ခရင် – ၁ ဇွန်း (စားပွဲဇွန်း)
  • ပင်လယ်ရေစိမ် တူနာ ငါးဗူး – တစ်ဝက် ဗူး (အရေစစ်ပြီး ငါးအသားကို ဗူးတစ်ဝက်လောက် ယူထားပါ)
  • ရေညှိ  –  ၁ ချပ် အသေး (ကင်ပြီးသား၊ ထမင်းလုံး ပုံဖော်ရန်)

  • ထမင်း  –  ၁ ခွက် / Cook rice – 1 cup
  • (အသားလုံး နယ်နှပ်ထားရန် ပါဝင်ပစ္စည်း )
  • ကြက်ကြိတ်သား – ၅-၇ ကျပ်သား
  • ဝက်ကြိတ်သား – ၁၀ ကျပ်သား
  • လတ်ဆတ်ပေါင်မုန်ညိုမှုန့် – ၁ ခြပ် (ကိုယ်ဖာသာ အမှုန့်လုပ်ပါ)

  • သံလွင်ဆီ – ၃ စက်
  • ဆား – ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
  • အသီးအရွက်ဆီ အသားလုံးကြော်ရန် – လိုသလောက်
  • (ထမင်းဘူးထဲ တစ်ခြားပါဝင်ပစ္စည်းများ)
  • ဖရဲသီး  –  ၁ စိတ် (ကြယ်ပုံ၊ အသဲပုံလေးတွေ လှီးထားပါ)

  • ပန်းသီးစိမ်း  –  ၁ ခြမ်း (ခတ်ပါးပါး အသဲပုံလေး လှီးထားပါ)
  • ငုံးဥ  –  ၂ လုံး (ပြုတ်ပြီး အခွံခွာထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး   –  ၄ လုံး

( ပြုလုပ်နည်း – ထောပတ်သီး ထမင်းလုံး)
ကြိတ်စက်ထဲ ထမင်း ၊ ငါး ၊ ရေညှိကလွဲလို့ အားလုံး ကျေညက် ချောမွေ့တဲ့အထိ မွှေပါ။  ဖန်ဇလုံ အကြီးကြီးထဲ ထမင်း ၊ တူနာငါး နှင့် ထောပတ်သီး အနှစ်များထည့်ပြီး သေချာ အရသာနှံ့အောင် လက်ဖြင့် သေချာနယ်နှပ်ပါ။

လက်သီးဆုပ်အရွယ် ၂ လုံး ညီညာလုံးပါ ။  ရေညှိဖတ်လေးကို မျက်လုံးအဝိုင်းလေးတွေ ညှပ်ပါ ။  နှုတ်ခမ်းပုံ ညှပ်ပါ။  ယောက်ကျားလေး ဆံပင်ပုံ ၊ မိန်းခလေး ဆံပင်ပုံလေးတွေ ညှပ်ပြီး ထမင်းလုံးမှာ ကပ်ပြီး ပုံဖော်ပါ။

(ပြုလုပ်နည်း  – အသားလုံးချက်နည်း)

ဇလုံအကြီးထဲ ချိစ် နှင့် ဆီကလွဲလို့ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး လက်ဖြင့်သေချာနယ်ပါ။ ဆီအိုး အပူပေးထားပါ။  အသားလုံးများ ဂေါက်ဘော အရွယ်လောက် လုံးပါ။ မကပ်သော ဗန်းထဲမှာ တင်ထားပါ။ ဆီပူလာလျင် ထည့်ကြော်ပါ။ ရွှေရောင်သန်းလာလျင် ဆီစစ်စက္ကူပေါ် တင်ပြီး ဆီစစ်ပြီးထားပါ။

အာဗင်ကို အပူချိန် ၂၀၀ ဒီကရီ ပေးထားပါ။ အကင်ဗန်းထဲ ဆီသုပ်ပါ။ ဗန်းထဲ အသားလုံးလေးများ စီထဲ့ပြီး ၈-၁၀ မိနစ်လောက် ကင်ပါ။ အသားလုံးများကို ၂ မိနစ် တခါ လှည့်ပေးပါ။ အရောင်ညီသွား အပြင်သား ကျွတ်ရွလာလျင် ရပါပြီ။

(ပြုလုပ်နည်း  – ထမင်းဘူးထဲ တစ်ခြားပါဝင်ပစ္စည်းများ)

ဖရဲသီးကို အသဲပုံ၊ ကြယ်ပုံလေးတွေ လှီးထားပါ။ ပန်းသီးစိမ်းကို အသဲပုံလေးတွေ လှီးထားပါ။  ချိစ်ပြားကိုလဲ ဆတူ အသဲပုံစံ လှီးထားပါ။ ပန်းသီး နှင့် ချီစ် အတူ ဒုတ်လေးနှင့် ထိုးထားပါ။ ငုံးဥ နှင့် ချယ်ရီခရမ်းသီး ကို ဒုတ်လေးဖြင့် ထိုးထားပါ။

(ထမင်းဘူးထည့်နည်း )

ထမင်းဘူး အနေအထား အတိုင်း ကိုယ့်ခလေး နှစ်သက်သလို ထည့်ပေးနိုင်ပါတယ်။