[Unicode]

အရောင်အသွေး နီနီရဲရဲ လိုင်ချီးသီးကို မြန်မာတို့ သိကြမယ်ထင်ပါတယ်နော်။

lychee-510435_1280

တရုတ်ပြည်တောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက စတင်စိုက်ပျိုးခဲ့ပြီး အဲဒီကနေတဆင့် ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်တို့မှာလည်း စိုက်ပျိုးခဲ့ကြပါတယ်။ အသီးက သိပ်ကိုကဗျာဆန်ပြီး ချစ်စရာကောင်းလို့ စားသုံးတဲ့သူတွေ အကြိုက်များတဲ့ အသီးမျိုးပါ။

ပါဝင်တဲ့ အmဟာရဓါတ်တွေ

Thailand-Fresh-Lychee

လိုင်ချီးသီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ လိုင်ချီးသီး ၁ ခွက် ကို ကယ်လိုရီ ၁၂၅ ပါဝင်ပြီး ပရိုတင်းဓါတ် ၁.၅၈ ဂရမ်ပါဝင်ပါတယ်။ အဆီပါဝင်မှုကနေ ဝ.၈၄ ဖြစ်ပါတယ်။ အမျှင်ဓါတ်လည်းကြွယ်ဝစွာပါဝင်ပြီး ပိုတက်ဆီယမ်၊ သံဓါတ်၊ ဖော့စဖောရပ်စ်၊ ကာဘွန်ဟိုက်ဒရိတ်၊ ကြေးနီ စတဲ့ဓါတ်တွေလည်းပါဝင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

9be65ee9d05e3812814b23e9a2efc618

အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

ကိုယ်ခံအားစနစ်

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်ခြင်း

လိုင်ချီးမှာပါဝင်တဲ့ Proanthocyanidins နဲ့ Polyphenolic ကွန်ပေါင်းဓါတ်တွေက ကင်ဆာဖြစ်ပွားမှု ကိုကာကွယ်ပေးနိုင်ပါတယ်။ တခြား အော်ဂဲလ်နစ်ကွန်ပေါင်းဓါတ်တွေလည်းပါဝင်လို့ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

သွေးဖိအား

$_32

ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်လို့ သွေးဖိအားကို ထိန်းသိမ်းပေးနိုင်ပါတယ်။

လိုင်ချီးဘယ်နှစ်မျိုးရှိသလဲ

လိုင်ချီးမှာ အမျိုးအစား ၅ မျိုးရှိပါတယ်။

အင်္ဂလိပ်လိုအမည်လေးတွေနဲ့ ပုံလေးတွေကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။

The-Emperor-lycheeThe-Ohia-lycheeThe-Brewster-lycheeKwai-Mai-Pink-lycheeThe-Sweet-Cliff

[Zawgyi]

အေရာင္အေသြး နီနီရဲရဲ လိုင္ခ်ီးသီးကို ျမန္မာတို႔ သိၾကမယ္ထင္ပါတယ္ေနာ္။

lychee-510435_1280

တရုတ္ျပည္ေတာင္ပိုင္းမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ကတည္းက စတင္စိုက္ပ်ိဳးခဲ့ၿပီး အဲဒီကေနတဆင့္ ထိုင္း၊ အိႏၵိယ၊ ဗီယက္နမ္တို႔မွာလည္း စိုက္ပ်ိဳးခဲ့ၾကပါတယ္။ အသီးက သိပ္ကိုကဗ်ာဆန္ၿပီး ခ်စ္စရာေကာင္းလို႔ စားသံုးတဲ့သူေတြ အႀကိဳက္မ်ားတဲ့ အသီးမ်ိဳးပါ။

ပါ၀င္တဲ့ အmဟာရဓါတ္ေတြ

Thailand-Fresh-Lychee

လိုင္ခ်ီးသီးမွာ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ လိုင္ခ်ီးသီး ၁ ခြက္ ကို ကယ္လိုရီ ၁၂၅ ပါ၀င္ၿပီး ပရိုတင္းဓါတ္ ၁.၅၈ ဂရမ္ပါ၀င္ပါတယ္။ အဆီပါ၀င္မႈကေန ၀.၈၄ ျဖစ္ပါတယ္။ အမွ်င္ဓါတ္လည္းၾကြယ္၀စြာပါ၀င္ၿပီး ပိုတက္ဆီယမ္၊ သံဓါတ္၊ ေဖာ့စေဖာရပ္စ္၊ ကာဘြန္ဟိုက္ဒရိတ္၊ ေၾကးနီ စတဲ့ဓါတ္ေတြလည္းပါ၀င္ပါတယ္။

က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့

အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း

9be65ee9d05e3812814b23e9a2efc618

အမွ်င္ဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကိုေကာင္းမြန္ေစပါတယ္။

ကိုယ္ခံအားစနစ္

ဗီတာမင္ C ၾကြယ္၀စြာပါ၀င္လို႔ ကိုယ္ခံအားစနစ္ကိုျမင့္တင္ေပးႏိုင္ပါတယ္။

ကင္ဆာကာကြယ္ေပးႏိုင္ျခင္း

လိုင္ခ်ီးမွာပါ၀င္တဲ့ Proanthocyanidins နဲ႔ Polyphenolic ကြန္ေပါင္းဓါတ္ေတြက ကင္ဆာျဖစ္ပြားမႈ ကိုကာကြယ္ေပးႏိုင္ပါတယ္။ တျခား ေအာ္ဂဲလ္နစ္ကြန္ေပါင္းဓါတ္ေတြလည္းပါ၀င္လုိ႔ ကင္ဆာျဖစ္ပြားမႈ အႏၱရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ေသြးဖိအား

$_32

ပိုတက္ဆီယမ္ၾကြယ္၀စြာပါ၀င္လို႔ ေသြးဖိအားကို ထိန္းသိမ္းေပးႏိုင္ပါတယ္။

လိုင္ခ်ီးဘယ္ႏွစ္မ်ိဳးရွိသလဲ

လိုင္ခ်ီးမွာ အမ်ိဳးအစား ၅ မ်ိဳးရွိပါတယ္။

အဂၤလိပ္လိုအမည္ေလးေတြနဲ႔ ပံုေလးေတြကို ဗဟုသုတအျဖစ္ေဖာ္ျပလိုက္ပါတယ္။

The-Emperor-lycheeThe-Ohia-lycheeThe-Brewster-lycheeKwai-Mai-Pink-lycheeThe-Sweet-Cliff