အခု ရာသီက လိုင်ချီးသီးနဲ့ ကြက်မောက်သီး ပေါတဲ့ ရာသီပါ။ ဈေးလည်း သက်သာသလို အသီးတွေကိုလည်း များများစားစား တွေ့ရတဲ့ ကာလပါ။ နှစ်မျိုးစလုံးကတော့ ချိုတဲ့ အရသာရှိပြီး အရည်ရွှမ်းတဲ့ အသီးတွေပါပဲ။ အခွံနွှာပြီး လတ်ဆတ်တဲ့အဖြူရောင် အသီးနဲ့ အစေ့ခပ်ကြီးကြီးက အလယ်မှာ နေရာယူထားတာလည်း အသီးနှစ်မျိုးလုံး တူတူပါပဲ။ ဒါ့အပြင် အရောင်ကလည်း သိပ်မကွာပါဘူး။ သူတို့မှာ မတူတဲ့ အချက်တွေကတော့ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေပါ။ ရာသီစာလေးမို့ ဝယ်စားရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရစေလဲဆိုတာ သိစေဖို့ မျှဝေပါရစေ။

လိုင်ချီးသီး

လိုင်ချီးသီးဟာ ဘယ်ရီအမျိုးနွယ်ပင်တွေကနေ လာတာဖြစ်ပြီး အပင်ကြီးတွေမှာ သီးပါတယ်။ အရိုးတံတွေကတော့ အရှည်ပါ။ မူလရင်းမြစ်ကတော့ တရုတ်ပြည်ပါ။ လိုင်ချီးသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အစာကြေစနစ်ကို ကောင်းမွန်စေနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဖော့စဖရက်စ်၊ မက်ကနိ၊ ဇင့်နဲ့ ကော့်ပါးတို့ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေဖို့ ကူညီပေးပါတယ်။ ဗီတာမင်စီ ပါဝင်မှုဟာ လိမ္မော်သီးမှာ ပါဝင်တဲ့ ပမာဏထက် ပိုများပါတယ်။ ခန္ဓာကိုယ်တွင်း ကောင်းကျိုး မပြုသော Free Radicals များကို တိုက်ထုတ်ပေးနိုင်ပြီး ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့်တားပေးနိုင်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

လိုင်ချီးသီးဟာ သွေးအားကောင်းစေတဲ့ အတွက် သွေးအားနည်းသူတွေ စားသုံးသင့်ပါတယ်။ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်နိုင်သလို သွေးခဲခြင်း ကိုလည်း တားဆီးပေးနိုင်ပါတယ်။ အရသာ ချိုပေမယ့် ကယ်လိုရီ ပါဝင်မှု နဲပါတယ်။ အသားအရေကို ကောင်းမွန်စေပြီး မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေနိုင်တဲ့ အစွမ်း လိုင်ချီးမှာ ရှိပါတယ်။ မလတ်ဆတ်တဲ့ လိုင်းချီးသီးဟာ အချဉ်ပေါက်တတ်တာကြောင့် လတ်ဆတ်တဲ့ အသီးကို ရွေးဝယ်ဖို့ လိုပါတယ်။ အင်ဖက်တွေနဲ့ ထုတ်ထားတဲ့ အထုပ်တွေဆိုရင် အရိုးတံ စိမ်းနေတာမျိုးကို ရွေးဝယ်ပါ။ လိုင်ချီးကို ဖျော်ရည် လုပ်သောက်လို့ ရသလို Detox Water အနေနဲ့ ဂျင်း၊ သခွားသီး၊ သံပုရာသီး တို့နဲ့ ရောပြီး သောက်သုံးနိုင်ပါတယ်။

ကြက်မောက်သီး

Rambutan

ကြက်မောက်သီးဟာ လိုင်ချီးသီးနဲ့ ဆင်ဆင်တူပါတယ်။ မတူတာကတော့ အပေါ်ခွံပါ။ ကြက်မောက်သီးရဲ့ မူလဇာစ်မြစ်ကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားပါ။ လိုင်ချီးသီးတွေလောက် အပင်မမြင့်ပါဘူး။ ကြက်မောက်သီးဟာ အခွံဟာ လိုင်ချီးသီးထက် ပိုထူပြီး ခွာရခက်ပါတယ်။

ကြက်မောက်သီးမှာ သကြားဓာတ်၊ ဖရက်တို့စ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ကယ်လ်စီယ၊ ်မဂ္ဂနီဆီယမ်၊ ဘီတာကယ်ရိုတင်း၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုကတော့ မ အတော်နည်းပါတယ်။ ကြက်မောက်သီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ကျစေပြီး ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းနဲ့ ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကြက်မောင်သီးကို ဆေးအဖြစ်နဲ့လည်း မလေးရား၊ အင်ဒိုနီးရှားတို့မှာ သုံးကြပါတယ်။ ကြက်မောက်သီးဟာ အူလမ်းကြောင်းက မကောင်းတဲ့ ကပ်ပါးကောင်တွေကို သေစေနိုင်တာကြောင့် ဝမ်းလျှောဝမ်းပျက်ရောဂါတွေကို သက်သာစေပါတယ်။

Credit: greenblender
Photo: rifka