အားလုံးပဲမင်္ဂလာပါရှင့်။ ဒီတခါမှာတော့ လက်ရှိ ရန်ကုန်မြို့မှာရော တခြားမြို့တွေမှာပါ လူကြိုက်များနေတဲ့ မာလာရှမ်းကောကို အိမ်မှာ ဘယ်လိုလုပ်စားလို့ရသလဲဆိုတာ မျှဝေပေးချင်ပါတယ်။

စီချွမ်မာလာရှမ်းကောလေးပါနော်။

ပါဝင်ပစ္စည်း

  • တရုတ်နံနံ (၃) ပင်
  • မုန်လာဥနီ (၂) လုံးခန့်
  • ငါးဖယ်လုံး အနည်းငယ်
  • အာလူး (၂) လုံး

  • ကြွက်နားရွက်မှို (၂) ရွက်
  • မာလာခေါက်ဆွဲ (၃) ပင်ခန့်
  • ကြာစွယ် လက်တစ်စုပ်စာ
  • မိမိနှစ်သက်ရာ မှိုနောက်ထပ်တစ်မျိုး (မထည့်လည်းရပါတယ်)

ဟင်းအနှစ်လုပ်ရန်

  • စမုန်စပါးစေ့အနည်းငယ်
  • စီချွမ် Peppercorn ငရုတ်ကောင်းမှုန့် (၂)ဇွန်း
  • ဖာလာစေ့ (၁) စေ့
  • သစ်ကြံပိုးခေါက် (၁)ချောင်း
  • ကရဝေးရွက်အနည်းငယ်

  • ဇာတိပ္ဖိုလ်သီး (၁) လုံး
  • လိမ္မော်ခွံ (၁) လုံးစာခန့်
  • ဂျင်း အနည်းငယ်
  • ငရုတ်သီးခြောက် ခွက် ၁/၄ ပုံ

ဟင်းခတ်အမွှေးနဲ့ တခြားပါဝင်ပစ္စည်းများအကြိုင်များ

  • ပဲငါးပိအစပ် အနှစ် (၂) ဇွန်း
  • ဟော့ပေါ့ဆော့လ် အနှစ် (၂) ဇွန်း
  • ကြက်သွန်ဖြူ (၈) မွှာ
  • ကြက်သွန်နီ အသေး (၃) လုံး
  • ငရုတ်သီးမှုန့်၁ ခွက်

  • ကြက်သွန်မြိတ် ၃ ပင်
  • ဂေါ်ဖီထုပ်၊ ငါးဖယ်လုံး အနည်းငယ်
  • ဆန်ဝိုင် ၂ ဇွန်း
  • သကြား ၁ ဇွန်း
  • ဆား၊ နံနံပင်နုတ်နုတ်စဉ်းအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဟင်းသီးဟင်းရွက် ပါဝင်ပစ္စည်းတွေတွေကို ရေသေချာဆေးပြီး အတုံးလေးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။

ရေနွေးတစ်အိုးကို ဆူအောင်သည်ပေးလိုက်ပြီး ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ရေဆစ်ပေးထားလိုက်ပါ။

အိုးကိုအပူပေးလိုက်ပြီး ဟင်းအနှစ်လုပ်တဲ့ပါဝင်ပစ္စည်းတွေကို အရင်ကြော်ပေးလိုက်ပါ။ မိနစ် ၂၀ လောက်ကြော်ပေးပြီး အညိုရောင်သန်းလာရင်ပန်းကန်တစ်ခုထဲ ဆယ်ပေးထားလိုက်ပါ။

အဲဒီနောက် စောစောက ဒယ်အိုးထဲမှာပဲ ပဲငါးပိအစပ် အနှစ် (၂) ဇွန်း ၊ ဟော့ပေါ့ဆော့လ် အနှစ် (၂) ဇွန်း၊ ကြက်သွန်ဖြူ (၈) မွှာ၊ ကြက်သွန်နီ အသေး (၃) လုံးတို့ကို ထည့်ပေးပြီး ကြော်ပေးလိုက်ပါ။

အနီရောင်သန်းလာရင် ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီထုပ်ကိုထည့်ပြီး ကြော်ပေးလိုက်ပါ။

အဲဒီနောက် ငါးဖယ်လုံးနဲ့ တခြားဟင်းသီးဟင်းရွက်တွေကိုထည့်ပေးလိုက်ပြီး အပေါ်ကနေ ဝိုင်နဲ့ သကြားကိုပါထည့်ပေးလိုက်ပါ။

သေချာမွှေပေးလိုက်ပြီးဆားထည့်လိုက်ပါ။ ပါဝင်ပစ္စည်းအားလုံးလည်းစုံပြီး အနံ့လေးလည်းမွှေးလာပြီ ရပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar