ညီအစ်ကိုတို့အတွက် Myanmar Distillery Co.ltd ကနေပြီး အရသာသစ်နဲ့ အပြောင်းအလဲဖြစ်စေမယ့် Scotch Whisky ကို မကြာခင်မှာပဲ Customer များနဲ့ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ စကော့တလန်ကနေပြီး တိုက်ရိုက်တင်သွင်းမယ့် Mac Arthur’s ဟာ မြန်မာနိုင်ငံသို့ ပထမဦးဆုံးရောက်ရှိမယ့် Authentic Scotch Whisky ပဲဖြစ်ပါတယ်။

ညီအစ်ကိုတို့ရှေ့မှောက်ကို မချပြခင် စကော့ဝီစကီရဲ့ သမိုင်းကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ Mac Arthur’s ဟာ ၁၈၇၇ ခုနှစ် လောက်တည်းက Inver House, Scotland ကနေပထမဦးဆုံး စကော့ရိုးရာမပြတ်ထုပ်လုပ်ထားတဲ့ Oldest Scot Brand လို့ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။

” From grain to maturity” ဆောင်ပုဒ်အရ Grain ကနေထုတ်ထားတာဖြစ်ပြီး နှစ်ရှည်လများအောင်မြင်ခဲ့တဲ့ စကော့ဝီစကီဖြစ်တဲ့အပြင် အရောင်၊ အနံ့၊ အရသာနဲ့ ပြည့်စုံလို့ ၁၄၁ နှစ်တိုင်တိုင် နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ အထူးကောင်းမွန်တဲ့ အထိအတွေ့ Rich Experience ကိုခံစားချင်တယ်ဆိုရင် Mac Arthur’s ကို မြည်းစမ်းကြည့်သင့်ပါတယ်။

ရိုးရာအမွေအနှစ်ပြည့်စုံပြီး ကမ္ဘာအဝှမ်းမှာပါ ထိုးဖောက်နိုင်တဲ့ အရည်အသွေးရှိတဲ့ The Mark of Fine Taste လို့ကျော်ကြားတာကြောင့် အောင်ပွဲခံဖို့ဆိုရင်တော့ Mac Arthur’s Scotch Whisky ဟာ မဖြစ်မနေ ပါသင့်တာပေါ့။ ဒီလို ကမ္ဘာ့အဆင့်အတန်းမီ ဖြစ်တဲ့ Mac Arthur’s Brand ကို မြန်မာမှာ ပထမဦးဆုံး Blended Scotch Authentic ဝီစကီစစ်စစ် အဖြစ် ဖြန့်ချီပေးသွားမှာပဲ ဖြစ်လို့ ညီအစ်ကိုတို့ကို သတင်းကောင်းပါးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။