မေမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကူညီပေးမယ်ဆိုတဲ့ Maggi ရဲ့ ထုတ်ကုန် မိတ်ဆက်ပွဲလေးကို မြန်မာပလာဇာမှာ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ (စနေနေ့)က ကျင်းပပြုလုပ်ခဲ့ပါတယ်။ MyFood Myanmar အဖွဲ့သားတွေလည်း Maggi ရဲ့ “အိမ်မှာချက်ပြီ မက်ဂီ”ဆောင်ပုဒ်လေးကို စိတ်ဝင်စားရာကနေ ဘယ်လို ထုတ်ကုန်တွေနဲ့ မိတ်ဆက်ပေးမလဲဆိုတဲ့ သိချင်စိတ်နဲ့ ပွဲလေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ Maggi ကနေ မိတ်ဆက်ပေးတဲ့ ထုတ်ကုန်လေးတွေကတော့ အိမ်တိုင်း မရှိမဖြစ် လိုအပ်တဲ့ ပဲငံပြာရည်နဲ့ ခရုဆီ လေးပါပဲ။ Maggi အမှတ်တံဆိပ်ဟာ ကမ္ဘာ့နံပတ် တစ် အစားအသောက် ကုန်ပစ္စည်းအမှတ် တံဆိပ်တစ်ခုဖြစ်တဲ့  Nestle ကနေ ထုတ်လုပ်ထားတဲ့ ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာ စတင်ဖြန့်ဖြူးမှာကတော့ မက်ဂီပဲငံပြာရည်နဲ့ မက်ဂီခရုဆီပါ။

04

ပထမဆုံး ပြောပြချင်တာကတော့ ပွဲလေး အကြောင်းပါ။ ဒီပွဲလေးဟာ အတော်လေးကို စည်ကားနေတဲ ပွဲလေးတစ်ခုလို့ ဆိုရင် မမှားပါဘူး။ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် ဇော်ပိုင်၊ ဟဲလေး၊ နီနီခင်ဇော်၊ ဟာသသရုပ်ဆောင်တွေ ဖြစ်တဲ့ ကျော်ထူး၊ ကြူကြူသင်းနဲ့ DJ ၀ိုင်း တို့ အားဖြည့်ထားတဲ့ ဒီပွဲလေးဟာ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်ခဲ့ပါတယ်။ အဆိုတော်တွေကနေ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့သလို ထူးထူးခြားခြား အစီအစဉ်တွေ အနေနဲ့ ပွဲတက်ရောက်လာသူတွေကိုလည်း ကံစမ်းမဲတွေ ဖောက်ပေးခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့ ဟင်းလက်ရာတွေကိုလည်း မြည်းစမ်းခွင့် ရခဲ့ပြီး နာမည်ကျော် စားဖိုမှူး ဦးဆန်နီရဲ့ ဟင်းလက်ရာတွေကိုလည်း မြည်းစမ်းခွင့် ရခဲ့ပါတယ်။ မော်ဒယ်သရုပ်ဆောင် သန္တာလှိုင်နဲ့ Presenter ကိုကောင်းထက်ဇော်တို့ရဲ့ အားဖြည့်မှုတွေကြောင့် ပွဲလေးဟာ ပိုပြီး မြိုင်ဆိုင်ခဲ့ပါတယ်။

03

ကဲ MyFood Myanmar သူငယ်ချင်းတွေ အတွက် အဓိက ပြောချင်တာကတော့ မက်ဂီရဲ့ ထုတ်ကုန်တွေ အကြောင်းပါ။ မက်ဂီရဲ့ ငံပြာရည်နဲ့ ငရုဆီ အကြောင်းလေးကို MyFood Myanmar က သူငယ်ချင်းတွေ သိအောင် အနည်းငယ် မျှဝေပေးချင်ပါတယ်။ မက်ဂီရဲ့ပဲငံပြာရည်မှာ ထူးခြားတဲ့ အချက်ရှိပါတယ်။ အဲ့ဒါကတော့ အချို၊ အငံ၊ အရောင်နဲ့ အရသာကို မျှ မျှတတ ဖြစ်အောင်အထူး စီမံ ပြုလုပ်ထားတာ ဖြစ်ပြီး အကောင်းဆုံး ပဲပုပ်စေ့တွေရဲ့ အချိုဓာတ်ရအောင် သဘာဝအတိုင်း စီမံပြုလုပ်ထားကြောင်း သိရပါတယ်။ ခရုဆီလေးကတော့ လတ်ဆတ်တဲ့ ကမာကောင်လေးတွေရဲ့ အချိုကို ယူထားပြီး အရသာကို ပြီးပြည့်စုံအောင် ပြုလုပ်ထားကြောင်း ဟင်းလျာတွေကို လက်တွေ့ချက်ပြပြီး ပြသခဲ့ပါတယ်။ တကယ်လည်း အနံ့လေးမွှေးပြီး အရသာ အတော်ကောင်းပါတယ်။ ကိုယ်တွေကတော့ ကြိုက်လို့ တခါတည်း ၂မျိုးလုံးကို ၀ယ်ခဲ့လိုက်တယ်။

02

ကိုယ့်လိုပဲ စိတ်ဝင်စားတဲ့ လူတွေရှိရင် မက်ဂီရဲ့ ထုတ်ကုန်တွေကို ဈေးဆိုင်တွေ၊ လက်လီအရောင်းဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ၀ယ်ယူလို့ ရနေပါပြီ။ အရွယ်အစား ၂မျိုးနဲ့ ၀ယ်ယူနိုင်ပြီး ဈေးနှုန်းလည်း သင့်တင့်တာမို့ အိမ်ရှင်မတွေရဲ့ အကြိုက်နဲ့ ထပ်တူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အချက်အလက်တွေကို ပိုပြီး သိချင်တယ်ဆိုရင်တော့ Maggi Myanmar Facebook Page မှာ ကြည့်ရှုနိုင်ပါတယ်။

05

#အိမ်မှာချက်ပြီ မက်ဂီ #MaggiMyanmar