ကိုရီးယား - Korean | ငရုတ်သီး - Chilli | သနပ် - Pickles

ကိုးရီးယား ကြက်သွန်ဖြူ နဲ့ ငရုတ်သီး အချဉ်

September 30, 2016

ကိုးရီးယား ကြက်သွန်ဖြူ နဲ့ ငရုတ်သီး အချဉ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ - ၁၈ လုံး (အခွန်နွာ ပြီး သုံးပိုင်းစိတ်ပါ)
  • ငရုတ်သီး စိမ်း - ၁၀ သား ( ခပ်ကြမ်းကြမ်း လေးညှပ်ထားပါ)
  • ရှာလကာရှည် - ၂ လီတာ(ကိုးရီးယား ရှာလကာရှည်ဆို ပိုကောင်းပါတယ်)
  • ပဲငံပြာရည် အငံ - ၂ ခွက်ခွဲ (ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ)
  • ရေ  -  ၁ ခွက် (ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ)
  • သကြား   -  ၅ ဇွန်း ( စားပွဲတင်ဇွန်း / ချိုချို ကြိုက်လျှင် ပိုထဲ့လို့ ရပါတယ်)

ပြုလုပ်နည်း

  1. အခွန်နွာပြီး စိတ်ထားသော ကြက်သွန်ဖြူကို ရှာလကာရည်ဖြင့် ၇-၁၀ ရက်လောက် ဗူးထဲထဲ့ စိမ်ထားပါ ။
  2. အိုးထဲသို့ ရေ ၊ သကြား ၊ ပဲငံပြာရည်အငံ နှင့် ညှပ်ထားသော ငရုတ်သီးများကို ဆူလာသည် အထိ တည်ပါ ။ အအေးခံပါ ။
  3. အအေးခံထားသော အရည်ကို ရှာလကာရည် စိမ်ထားသော ကြက်သွန်ဖြူထဲသို့ လောင်းထည့်ပါ ။
  4. လေလုံသော ပုလင်းထဲသို့ သိမ်းရင် ပိုကောင်းပါတယ် ။ နေရိပ်ထဲမှာ ထားပါ ။ လနဲ့ ချီခံ ပါတယ် ။
  5. မှတ်ချက်- ကြက်သွန်ဖြူ မကြိုက်သောသူများ ကြက်သွန်အနီနဲ့ လဲ လုပ်လို့ရပါတယ် ။

Review

User Rating

2.3 (3 Votes)

author-avatar

Syi Lwin is a chef, food writer, food stylist, food developer and TV chef