သရက်သီးတွေ လှိုင်လှိုင်ပေါတဲ့ ရာသီကို ရောက်ပြီဆိုရင် ပျော်စရာပါ။ သရက်သီးမှည့် မွှေးမွှေးလေးကို အဝစားပြီး ဝိတ်လည်း ချ ဗိုက်လည်းတင်းတဲ့ နည်းမို့ သရက်သီးမှည့်တွေ ပေါပြီဆိုရင် ပျော်မိပါတယ်။ သရက်သီးမှည့်တွေ ပေါတာမို့ ဖျော်ရည်လုပ်သောက်လို့ ကောင်းတဲ့ အချိန်ပါပဲ။

သရက်သီးမှည့်ကို အခွံနွှာပြီး အတုံးလေးတွေ တုံးထားပါ။ ဖျော်စက်ထဲကို သရက်သီးစိပ်တွေရယ် သကြားရယ် ရေခဲရယ် ရောကြိတ်ပြီး လွယ်လွယ်ကူကူ ဖျော်ရည်လေး တစ်ခွက် လုပ်သောက်လို့ ရပါတယ်။ လက်ဖျော် သောက်ချင်သူတွေကတော့ အတုံး ခပ်သေးသေး တုံးပြီး ဇွန်းနဲ့ ခေါက်ပြီး သကြားနဲ့ ရောမွှေ ရေခဲထည့်ပြီး သောက်နိုင်ပါတယ်။ သရက်သီးဖျော်ရည်ဟာ သောက်လို့ ကောင်းရုံတင်မကဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ သရက်သီးဖျော်ရည်မှာ ဗီတာမင်နဲ့ အခြား သတ္တုဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။

သရက်သီးဖျော်ရည်မှာ အဓိက ကျန်းမာရေး အကျိုးကျေးဇူး ၅ချက်ကို တွေ့ရပါတယ်။

  • သရက်သီးမှည့်ဟာ ဗီတာမင်အေ အရင်းအမြစ်ကြီး တစ်ခု ဖြစ်တာကြောင့် မျက်လုံးရဲ့ အမြင်အာရုံကို ပိုပြီး ကောင်းမွန်အောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ မျက်လုံးတွင်း အရေည် ခန်းခြောက်တာနဲ့ ညဘက် အမြင်အားနည်းတာတွေကို တားဆီးပေးပါတယ်။
  • သရက်သီးဖျော်ရည်ဟာ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေဖို့ ထိန်းပေးထားသလို နှလုံးဖောက်ပြန်မှုကိုလည်း ကာကွယ်ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် သရက်သီးမှာ ပိုတက်စီယမ် ပါဝင်တာကြောင့်ပါ။

  • ကိုယ်ဝန်ဆောင်တွေ အတွက်ဆိုရင်တော့ သရက်သီးဟာ အဖော်မွန်ပါ။ အခုလို ပေါများနေတဲ့ အချိန်မှာ ဖျော်ရည်လုပ် သောက်သင့်ပါတယ်။ သရက်သီးဖျော်ရည်ကို ကိုယ်ဝန်ဆောင်တွေ သောက်ပေးခြင်းအားဖြင့် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို တိုးတက်ဖို့ ကူညီပေးပါတယ်။ ကယ်လိုရီကျစေပြီး လိုအပ်တဲ့ အာဟာရတွေကို ကလေးဆီ ပေးစွမ်း နိုင်ပါတယ်။
  • သရက်သီးဖျော်ရည်ဟာ လူကိုယ်ထဲမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေ တိုးတက်မှုကို လျော့ချပေးနိုင်ပါတယ်။
  • သူ့မှာ အမျှင်ဓာတ် ပါဝင်တာကြောင့် အစာချေ စနစ်ကို ကောင်းမွန်စေပြီး အစာအိမ် အချဉ်ပေါက်မှာ ပူစရာ မလိုတော့ပါဘူး။

Credit: zeenews