အချိုပွဲ - Desserts

စိမ့်ချိုရင်အေး သရက်သီး (သဘောင်္သီး) ရေခဲချောင်းလေး

February 10, 2017

စိမ့်ချိုရင်အေး သရက်သီး (သဘောင်္သီး) ရေခဲချောင်းလေး


Share this on:

ပျော်စေရမယ် တကယ်ပါ……. ပစ္စည်းများများစားစား မလိုပဲ အရသာလဲ တကယ်ရှိ ကျမ်းမာရေးနဲ့ လဲ ညီညွတ်စွာ စားလို့ ရမယ့် အသီးရေခဲချောင်း Popsicle ကို ကလေးသူငယ်များ ရှိရင် အတူလုပ် ရင်း ကလေးများ စိတ်ဝင်စား ပျော်ရွှင် ရရှိမှာအသေအချာပါ။
စည် အိမ် မှာ သရက်ပင် များရှိ တော့ Organic သရက်သီး အမှည့်နှစ်တိုင်း စားရပါတယ်။ ပြီးခဲ့ တဲ့နှစ်က ပြည်ပ ရောက်နေတော့ ဒယ်ဒီ က သရက်သီးအမှည့် လေးတွေ စည် ပြန်လာလည် ရင် စားရအောင်ဆို ပြီး အမှည့်လေးတွေ ကိုအခွန်ခွာ ပြီး အတုံးသေးလေးတွေ တုံးပြီး Lock & Lock ဗူးနဲ့ Freeze လုပ်ပြီးသိမ်း ထားပေးလို့ တနှစ်ပတ်လုံး လက်လက် ဆတ်ဆတ် အရသာ အတိုင်း စားရသလို အခု လိုလဲ Ice-Pop လေးတွေ မုန့် တွေ လဲ လုပ် နိုင်တာပါ။
သရက်သီး အမှည့် ကို အမှည့် လွန်း ကြီးမဟုတ် ပဲ နည်းနည်း မါနေသေး သော သက်ရက်သီးကို အခွန်ခွာ ပြီး ရေဆေးပါ ပြီး မှလိုချင်သလောက်အရွယ်တုံးပြီး လေလုံသော ဗူးထဲ မှာထဲ့ ပြီး ခဲထားပါ။ အချိန် မရွေး စားသုံးနိုင်ပါတယ်။ (အိမ်မှာ လုပ်သောနည်းကို ပြန်မျှ တာနော်)

IMG_4700

IMG_4721

ပါဝင်ပစ္စည်းများ

  • သရက်သီး မှည့် - ၁ လုံး (အတုံးသေးလေး များ တုံးထားပါ)
  • ပျားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဒိန်ချဉ် - ခွက် တ၀က် (4 OZ) ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ
  • နွားနို့ - စားပွဲဇွန်း ၁၀ ဇွန်း

ပြုလုပ်နည်း

  1. ဒိန်ချဉ်၊ နွားနို့၊ ပျားရည် နှင့် သရက်သီး အမှည့် အတုံးလေးများ စားပွဲဇွန်း ၂ ဇွန်း လောက် ကို ထည့်ပြီး Blender နဲ့ မွှေပေးပါ။
  2. ရလာ သော အရည် ကို လို ရာ ပုံစံ ရေခဲ ခွက်လေး များထဲ ထည့်ခဲ ပါ။
  3. မှတ်ချက် - လိုရာ အသီး ကို အစားထိုး ပြီး ဒီ နည်း လေးအတိုင်းလုပ် လို့ရပါတယ်။ ရေခဲ ချောင်းလေး စားရင် အားလုံး ပူပြင်းတဲ့ရာသီမှာ အေးချမ်း နိုင်ပါစေ။

Review

User Rating

5 (1 Votes)

author-avatar

Syi Lwin is a chef, food writer, food stylist, food developer and TV chef